မင်းဘူး ရှင်ပင်စက္ကိန်းတဲဘုရားဘက်စုံပြုပြင်ရန်အတွက် ပွင့်လင်းမြင်သာသည့်တင်ဒါစနစ်လုပ်ကိုင်ရန် ဝန်ကြီးချုပ်ညွှန်ကြား

မင်းဘူး ရှင်ပင်စက္ကိန်းတဲဘုရားဘက်စုံပြုပြင်ရန်အတွက် ပွင့်လင်းမြင်သာသည့်တင်ဒါစနစ်လုပ်ကိုင်ရန် ဝန်ကြီးချုပ်ညွှန်ကြား

မကွေးတိုင်းဒေသကြီး မင်းဘူး ရှင်ပင်စက္ကိန်းတဲ ဘုရားဘက်စုံပြုပြင်ရန်အတွက် ပွင့်လင်းမြင်သာသည့် တင်ဒါစနစ်လုပ်ကိုင်ရန် ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိသူများသည် ဧပြီ ၂၀ရက်နေ့ နံနက်ပိုင်းက မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲဘုရား ဧည့်ရိပ်သာတွင် ဂေါပကအဖွဲ့နှင့် တွေ့ဆုံကာ ဘုရားကြီး ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆွေနွေးခဲ့ခြင်းဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် ဘုရားကြီးဘဏ္ဍာငွေ ကျပ်သိန်း၃၈၇၁ သိန်းဖြင့် စေတီမြတ်ကြီးမှာ ရွှေရောင်များ မှေးမိန်နေပါသဖြင့် ရွှေသင်္ကန်းကပ်ရန်၊ စေတီတော်မြတ်ကြီး၏ မြောက်ဖက် အဆင်းလမ်း၌ ဘုရားဖူးယာဉ်များ ရပ်နားရန်အတွက် အလျားပေ၁၈၀ အနံပေ ၈၀ ရင်ပြင်တိုးချဲ့သွားရန် ၊ကျောက်ကြီးစီ မြေဖို့ရန် သိုမဟုတ် အာစီကွန်ကရစ် ရင်ပြင်တော်ပြုလုပ်ရန်၊စေတီတော်မြတ်ကြီး၏ အရှေ့ဖက် ဇောင်းတန်း တောင်ဘက်၌ ဘုရားဖူးများ အတက်အဆင်း အဆင်ပြေရန်အတွက်ဓါတ်လှေကား တပ်ဆင်ရန် တို့ကို ဂေါပကဒုတိယဥက္ကဌဦးကိုလေး တင်ပြဆွေးနွေးခဲ့ခြင်းဖြစ်သည်။

စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှုရန်အတွက် ရွှေဆိုင်းပညာရှင်များဖြင့် ဆွေးနွေးကာ အရည်အသွေးမှီရွှေနှင့် ပြူလုပ်သော ရွှေဆိုင်းများ ဝယ်ယူရန် နှင့် လုပ်ငန်းပြုလုပ်ရန်အတွက် ပွင့်လင်းမြင်သာသည့်  တင်ဒါစနစ်ဖြင့် လုပ်ကိုင်ရန် ဝန်ကြီးချုပ်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly