အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲစဉ်များကို မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိ

အာရှ ယူ-၁၉ ချန်ပီယံရှစ် ခြေစစ်ပွဲစဉ်များကို မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိ

ဇူလိုင် ၂၊ ရန်ကုန်။ ။  ဘာရိန်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၆ အာရှ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ခြေစစ်ပွဲ အုပ်စု(ဆ)ပွဲစဉ်များကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိခဲ့သည်။ အဆိုပါခြေစစ်ပွဲကို  အုပ်စု ၁၀ ခု ခွဲဝေထားပြီး မြန်မာအသင်းက အုပ်စု (ဆ) တွင် ဗီယက်နမ်၊ ဟောင်ကောင်၊ ဘရူနိုင်း၊ တီမော စသည့်အသင်းများနှင့် တစ်အုပ်စုတည်းကျရောက်လျက်ရှိပြီး ပွဲစဉ်များအားလုံးကို စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

အာရှ ယူ၁၉ ချန်ပီယံရှစ် ပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်များကို အုပ်စု(၁၀) ခုမှ အုပ်စု ပထမ အသင်း (၁၀) သင်း၊ အကောင်းဆုံး အုပ်စု ဒုတိယ (၅)သင်းနှင့် အိမ်ရှင် ဘာရိန်းအသင်း စုစုပေါင်း အသင်း(၁၆)သင်း တို့ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။  ဆီမီးဖိုင်နယ် တက်ရောက်သည့် အသင်း(၄)သင်းသည် တောင်ကိုရီးယား နိုင်ငံတွင် ကျင်းပမည့် ၂၀၁၇ ဖီဖာ ယူ -၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကစားခွင့် ရရှိမည်ဖြစ်သည်။

ထို့အပြင် တောင်ကိုရီးယားယူ-၁၉အသင်း အာရှချန်ပီယံရှစ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ပါက ယူ၂၀ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံဖြစ်သည့်အတွက် အာရှမှဝင်ခွင့်တစ်နေရာ ပိုမိုရရှိကာ ငါးသင်းအထိ ဝင်ရောက်ခွင့်ရမည်ဖြစ်သည်။

 AFC U19 Championship Bahrain 2016 ခြေစစ်ပွဲ အုပ်စု(ဆ) ပွဲစဉ်များ
--------------------------------------------------------------------------
၂၈ စက်တင်ဘာ ၂၀၁၅ (တနင်္လာ)
------------------------------------
ညနေ (၃း၃၀)နာရီ - ဟောင်ကောင် - ဗီယက်နမ်
ညနေ (၆း၃၀)နာရီ - တီမော - ဘရူနိုင်း

၃၀ စက်တင်ဘာ ၂၀၁၅ (ဗုဒ္ဒဟူး)
-----------------------------------
ညနေ (၆း၃၀)နာရီ - ဘရူနိုင်း - မြန်မာ
ညနေ (၃း၃၀)နာရီ - တီမော - ဟောင်ကောင်

၂ အောက်တိုဘာ၂၀၁၅ (သောကြာ)
-------------------------------------
ညနေ (၆း၃၀)နာရီ - မြန်မာ - တီမော
ညနေ (၃း၃၀)နာရီ - ဗီယက်နမ် - ဘရူနိုင်း

၄ အောက်တိုဘာ၂၀၁၅ (တနင်္ဂနွေ)
-------------------------------------
ညနေ (၃း၃၀)နာရီ - ဗီယက်နမ် - တီမော
ညနေ (၆း၃၀)နာရီ - ဟောင်ကောင် - မြန်မာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required