AFC Cup တွင် ရန်ကုန်အသင်း ရှံုးထွက်အဆင့်တက်ရောက်ရန် ယုံကြည်သည် ဟု မာယန်ဆို

AFC Cup တွင် ရန်ကုန်အသင်း ရှံုးထွက်အဆင့်တက်ရောက်ရန် ယုံကြည်သည် ဟု မာယန်ဆို
၂၀၁၆ AFC Cup ပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် ရန်ကုန်အသင်းနှင့် တောင်တရုတ်အသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ - ရွှေဘုတ်)

ဧပြီ ၁၈ ၊ ရန်ကုန် ။           ။ ၂၀၁၆ AFC Cup အုပ်စု (ဆ) တွင် ကျရောက်လျက်ရှိသည့် ရန်ကုန်ယူနိုက်တက်အသင်းအနေဖြင့် အုပ်စုအဆင့်မှကျော်ဖြတ်ကာ ရှုံးထွက်အဆင့်သို့ တက်ရောက်ရန် ယုံကြည်သည် ဟု နည်းပြချုပ် မာယန်က ဆိုသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Cup အုပ်စု (ဆ) တွင် အိန္ဒိယကလပ် မိုဟန်ဘေဂန်အသင်း၊ မော်လဒိုက်ကလပ် မာဇီယာ၊ ဟောင်ကောင်ကလပ် တောင်တရုတ်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။

“ ပြီးခဲ့တဲ့ မိုဟန်ဘေဂန်နဲ့ပွဲတုန်းက လိုချင်တာ အနိုင် သုံးမှတ်ပါ။ ဒါပေမယ့် အသင်းက အကောင်းဆုံးကစားပြီး သရေတစ်မှတ် ရခဲ့တဲ့အတွက် ရလဒ်မဆိုးဘူးလို့ ဆိုချင်ပါတယ်။ နောက်နှစ်ပွဲမှာ တတ်နိုင် သလောက် ရမှတ် များများယူပြီး ၁၆ အသင်းအဆင့် ရှုံးထွက်အဆင့်တက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ လက်ကျန်နှစ်ပွဲကို အကောင်းဆုံး ပြင်ဆင်သွားမှာပါ။ ရန်ကုန်အသင်းကို အားပေးတဲ့ ပရိသတ်တွေ ကိုလည်း ကျေးဇူးတင်ပါတယ် ” ဟု မိုဟန်ဘေဂန်အသင်းနှင့် ၁-၁ သရေပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်အသင်းနည်းပြ မာယန်က ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် AFC Cup အုပ်စုပွဲစဉ် လေးပွဲကစားပြီးချိန်တွင် တစ်ပွဲနိုင် နှစ်ပွဲသရေ တစ်ပွဲရှုံး ရလဒ်ဖြင့် ရမှတ် ငါးမှတ် ရရှိကာ အမှတ်ပေးဇယား ဒုတိယနေရာတွင် ရပ်တည်လျက် ရှိသည်။ ရန်ကုန်အသင်းသည် အုပ်စုလက်ကျန်နှစ်ပွဲအဖြစ် ဧပြီ ၂၇ ရက်တွင် တောင်တရုတ်အသင်းနှင့် အဝေးကွင်း၊ မေ ၁၁ ရက်တွင် မာဇီယာအသင်းနှင့် အိမ်ကွင်းတို့၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags