ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြ ကျောင်းသားတစ်ဦး အဖမ်းခံရ

ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒပြ ကျောင်းသားတစ်ဦး အဖမ်းခံရ

ရန်ကုန် (မဇ္ဈိမ) ။ ။ အခြေခံဥပဒေပြင်ဆင်ရေး ဦးဆောင်ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ကိုပိုင်ရဲသူကို ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဆန္ဒပြရာတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ကိုနန်းလင်းက မဇ္ဈိမကို အတည်ပြုပြောကြားသည်။

ကိုနန်းလင်းက “ကျောက်တံတားရဲစခန်းက လာခေါ်သွားတယ်လို့ကြားတယ်။ အဲ့ဒါကတော့ အတည်ပြုနေဆဲပဲ။ အဖမ်းခံရ တာတော့ သေချာပါတယ်။ ကျွန်တော် အတည်ပြုပေးနိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပုဒ်မ ၁၈နဲ့ အရေးယူခံထား ရတဲ့အထဲမှာ ပါတယ်လို့ အသံကြားထားတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာလုပ်မလဲတိုင်ပင်နေ တုန်းပါပဲ” ဟုပြောသည်။

ကိုပိုင်ရဲသူက ပုဒ်မ ၁၈ကို အယုံအကြည် မရှိသည့်အတွက် အရေးယူခံရပါကလည်း အာမခံယူသွားမည်မဟုတ်ဟု အဖမ်းမခံရမီ က မဇ္ဈိမကို ပြောကြားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly