ချန်ပီယံလိဂ် မဝင်လျှင်ပင် နာမည်ကြီး ကစားသမားများကို ဆွဲဆောင်နိုင်ဆဲရှိဟု ဗန်ဟားလ်ဆို

ချန်ပီယံလိဂ် မဝင်လျှင်ပင် နာမည်ကြီး ကစားသမားများကို ဆွဲဆောင်နိုင်ဆဲရှိဟု ဗန်ဟားလ်ဆို
(ဓာတ်ပုံ - အီးပီအေ)

မန်ယူအသင်းဟာ လာမယ့်ရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်မရခဲ့လျှင်ပင်  ထိပ်တန်း နာမည်ကြီးကစားသမားများကို စွဲဆောင်နိုင်ဆဲဖြစ်ကြောင်း မန်ယူအသင်း နည်းပြဖြစ်သူ လူးဝစ်ဗန်ဟားလ်က အပြည့်အဝယုံကြည့်ကြောင်း ဆိုပါတယ်။

“ချန်ပီယံလိဂ်မှာ ကစားတယ်ဆိုတာဟာ ကစားသမားတွေအတွက် အလွန်ပဲ အရေးကြီးပါတယ်။ ဒါပမေယ့်လဲ မန်ချက်တာယူနိုက်တက်ဟာ ထိပ်တန်းကစားသမားတွေကို ဆွဲဆောင်ဖို့ လုံလောက်တဲ့ ကြီးကျယ် ခမ်းနားမှုရှိတယ်လို့ ကျွန်တော် ထင်ပါတယ်”ဟု သတင်းထောက်တွေကို ပြောပါတယ်။

သို့ပေမယ့်လည်း ဗန်ဟားလ်က အဆင့် (၄) နေရာအတွင်း ဝင်ခွင့်ပျက်ကွက်ခဲ့လျှင်ပင် လာမယ့်ရာသီအတွက် ခေါ်ယူမှု ကြီးကြီးမားမား ပြုလုပ်ရန် ဆန္ဒရှိကြောင့် အရိပ်အမြွတ် ပြောကြားသွားပါတယ်။

“မန်ယူဟာ ကြီးမားတဲ့ ကလပ်တစ်ခုဖြစ်ပြီး ကစားသမားကောင်းတွေကို ဆွဲဆောင်နိုင်တယ်။ ဒီမှာ ကျွန်တော်ရဲ့ လစားတွေဟာ အထူးကောင်းမွန်တယ်။ ဒါကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်မရခဲ့ရင်တောင် ကစားသမားတွေ ဒီကို လာကြမှာပဲဖြစ်ပါတယ်”ဟု အသက် (၆၄) နှစ်အရွယ်ရှိ ဗန်းဟားလ်က ပြောပါတယ်။

စပါးနင့် မကစားမီ အဆင့် (၄) နေရာက မန်စီးတီးနဲ့ တစ်မှတ်အကွာ ရှိခဲ့ပေမယ့်လည်း တနင်္ဂနွေနေ့က စပါးကို ရှုံနိမ့်ခဲ့တာကြောင့် မန်စီးတီးနဲ့ကွာဟမှု လျော့ချနိုင်မယ့် အခွင်းအရေး လက်လွှတ်ခဲ့ရပြီး မန်ယူဟာ ဒီရာသီ (၇) ပွဲကျန်အနေအထားနဲ့ အမှတ်ပေးဇယား အဆင့် (၅) နေရာမှာ ရပ်တည်နေပါတယ်။

ကိုးကား - ဂိုးဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly