ကန်​​တော်​ကြီး ပန်​းခြံ သင်္ကြန်​ကာလတွင်​း ပိတ်​ထားမည်​

ကန်​​တော်​ကြီး ပန်​းခြံ သင်္ကြန်​ကာလတွင်​း ပိတ်​ထားမည်​
ဓာတ်ပုံ- Thawn

ရန်ကုန်၊ ဧပြီ ၁၀ ။  ။ မကြာမီကျရောက်တော့မည့် သြင်္ကန် ကာလတွင်း ဧပြီ ၁၂ရက်မှ ၁၆ရက်ထိ ကန်တော်ကြီး 
ပန်းခြံကို ခေတ္တ ပိတ်မည်ဖြစ်ကြောင်း သိရသည်။

"ဝင်းထဲမှာလည်း ဘာပွဲမှမရှိပါဘူး။ ကန်ပတ်လမ်းမှာလည်း ဘာမှ ထူးထူးခြားခြား မရှိတဲ့အတွက် ပထမဆုံးအကြိမ် ပိတ်တာပါ။ နှစ်ဆန်းတစ်ရက်နေ့မှာတော့ ဝင်းကိုပြန်ဖွင့်မှာပါ´ဟု ကန်တော်ကြီး ပန်းခြံ၏ မန်နေဂျာ မဇာက မဇ္ဈိမကို ပြောသည်။ 

သြင်္ကန်ကာလတွင်း ပန်းခြံပိတ်မှုကြောင့် ဝင်းအတွင်းဖွင့်ထားသည့် ဆိုင်များ ထိခိုက်မှူမရှိစေရန် အစည်းအဝေး ခေါ်ပြီးမှသာ အများသဘောတူညီမှုရယူပြီး ဆိုင်များပါ ပိတ်မည်ဖြစ်ကြောင်း သိရသည်။

"အစည်းအဝေး မခေါ်ခင်ကတည်းက ပိတ်မယ်ဆိုပြီး စာတင်ထားတဲ့ဆိုင်တွေ ရှိပါတယ်။ အဲ့ဒါကြောင့် ကျွန်မတို့ဘက်က by force မလုပ်ဘပဲ အစည်းအဝေးခေါ်ပြီး အများသဘောတူတယ်ဆိုမှ ဆိုင်တွေပါ ပိတ်လိုက်တာပါ။" ဟု မဇာက ဆက်လက်ပြောကြားသည်။

ကန်တော်ကြီးဝင်း၊ မျှော်စင်ကျွန်းအနီးရှိ Freak Shakeဆိုင်မှ တာဝန်ရှိသူတစ်ဦးက "ကျွန်မတို့ဘက်က ကိုယ့်ဘာကိုယ်ဖွင့်တာဆိုပေမယ့် ပန်းခြံနဲ့အကျိုးတူပူးပေါင်းထားတာမို့လို့ လျော်ကြေးတောင်းတာမျိုးတွေ ဘာတွေ မရှိဘဲ အများသဘောတူလို့ ဆိုင်တွေပိတ်တာပါ" ဟု ဆိုသည်။

ကန်တော်ကြီး ပန်းခြံကို သြင်္ကန်ကာလတွင်း ငါးရက်ကြာပိတ်မည် ဖြစ်သော်လည်း နှစ်ဆန်းတစ်ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required