တူရကီနိုင်ငံပိုင် လက်နက်စက်ရုံ ညွန်ချုပ် အမေရိကန်ကို လျှို့ဝှက်ချက်များ ရောင်းချ၍ ဖမ်းဆီးခံရ

တူရကီနိုင်ငံပိုင် လက်နက်စက်ရုံ ညွန်ချုပ် အမေရိကန်ကို လျှို့ဝှက်ချက်များ ရောင်းချ၍ ဖမ်းဆီးခံရ

တူရကီနိုင်ငံမှ နိုင်ငံပိုင် MKEK လက်နက်စက်ရုံ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူက လက်နက်ဒီဇိုင်းများ အမေရိကန်သို့ ရောင်းချရန် လုပ်သဖြင့် ဖမ်းဆီးခံရသည်။

လက်နက်စက်ရုံညွှန်ကြားရေးမှူးချုပ် မူစတာဖာအား MP-5 သေနတ်နှင့် ပြည်တွင်းထုတ် NPT076 လက်နက်ဒီဇိုင်းများကို အမေရိကန်ကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဦးထံ အမေရိကန်ဒေါ်လာ နှစ်သိန်းနှင့် သုံးသိန်းကြားဖြင့် ရောာင်းချရန် လုပ်ဆောင်ခြင်းအတွက် ဧပြီ ၇ ရက်က မြို့တော် အန်ကာရာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းကို ဖမ်းဆီးရာတွင် အယောင်ဆောင် ထောင်ဖမ်းခဲ့ခြင်းဖြစ်သည်။ စားသောက်ဆိုင်တစ်ဆိုင်တွင် အမေရိကန်ကုမ္ပဏီတာဝန်ရှိသူအဖြစ် လုံခြုံရေးတပ်ဖွဲ့ဝင်က အယောင်ဆောင်ကာ လက်နက်ဒီဇိုင်း အရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်ပြီး လက်ရဖမ်းဆီးခြင်းဖြစ်သည်ဟု Turkish Haber Port နေ့စဉ်သတင်းစာတွင် ဖော်ပြသည်။ 

မူစတာဖာကို လာဘ်စားမှု၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားစေမှုနှင့် နိုင်ငံဝန်ထမ်းအဖြစ် တာဝန်မဲ့မှုများဖြင့် စစ်ဆေးတရားစွဲဆိုထားသည်။ 

"ကျွန်တော် အမှားလုပ်မိပါတယ်။ ကျွန်တော်လုပ်ရပ်ကျွန်တော်သိပြီး ဒီအတွက်လည်း နောင်တရမိပါတယ်။"ဟု မူစတာဖာက တရားရုံးတွင် လျှောက်လဲချက်ပေးရာ၌ ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly