ခရီးသည် ၁၇၃ဦး သယ်ဆောင်လာသည့် ဖိလစ်ပိုင်သင်္ဘော တိမ်းမှောက် အနည်းဆုံး လူ ၃၃ ဦးသေဆုံးဟုဆို

ခရီးသည် ၁၇၃ဦး သယ်ဆောင်လာသည့် ဖိလစ်ပိုင်သင်္ဘော တိမ်းမှောက် အနည်းဆုံး လူ ၃၃ ဦးသေဆုံးဟုဆို

မနီလာ၊ ဇူလိုင်-၂ ။      ။ ဖိလစ်ပိုင်အလယ်ပိုင်း လှိုင်းထန်သည့် ပင်လယ်ရေပြင်တွင် ဇူလိုင်လ ၁ရက်နေ့က ခရီးသည် ၁၇၃ဦး သယ်ဆောင်လာသည့် သင်္ဘောတစ်စင်း တိမ်းမှောက်သွားခဲ့ခြင်းကြောင့် အနည်းဆုံး လူ၃၃ဦး သေဆုံးခဲ့ရသည်။

ကင်နိဗ္ဗာန်နဟုအမည်ရသည့် အဆိုပါသင်္ဘောမှာ အလယ်ပိုင်း အော်မော့မြို့မှ ကာမိုတက်ကျွန်းသို့ ခရီးထွက်ခွာလာခြင်းဖြစ် သည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။

သင်္ဘောတိမ်းမှောက်သွားပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ကြသည်။ သို့ရာတွင် မီဒီယာ အသီးသီးမှ သတင်းအချက်အလက်များ ရောထွေးနေသောကြောင့် လူ မည်ရွေ့မည်မျှ သေဆုံးသည်ဆိုသည့် အရေအတွက်နှင့် ပတ်သက်၍ ရှုပ်ထွေးနေသည်။ GMA Network ၏ သတင်းအရ အနည်းဆုံး လူ၃၄ဦးသေဆုံးပြီး၊ ၇၀ ပျောက်ဆုံးနေသည်ဟု ဆိုသည်။ အဆိုပါသတင်းတွင်ပင် အနည်းဆုံး လူ၆၀ခန့်ကို ကယ်ဆယ်နိုင်ခဲ့သည်ဟူသည့် ဒေသတွင်း သတင်းကွန်ရက် တစ်ခု ၏ ပြောကြားချက်ကိုလည်း ကိုးကားဖော်ပြထားသည်။ အေပီသတင်းဌာနက ၃၆ဦးသေသည်ဟု သတင်းပို့လာချိန် တွင် အေအက် ဖ်ပီကမူ လူ၃၃ဦးသေဆုံးသည်ဟု ဆိုသည်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်မှ ပြောခွင့်ရပုဂ္ဂိုလ် တပ်မှူး အာမန် ဘာလီလို၏ ပြောကြားချက်အရ ပင်လယ်ပြင် လှိုင်းထန်မှုကြောင့် သင်္ဘောကို တိမ်းမှောက်စေခဲ့သည်ဟု ဆိုသည်။ အေအက်ဖ်ပီ၏ မြို့တော် သဘာဝကပ်ဘေး လျှော့ချရေးရုံးမှ စီရီရာကို တိုလီဘောင်ကို ကိုးကားဖော်ပြချက်အရ အနည်းဆုံး အသက်ကယ်လှေ ၇စင်းက မှောက်ထားသည့် သင်္ဘောဝမ်းဗိုက်ကို တွဲခိုထားကြသည့် အသက်ရှင်ကျန်ရစ်သူ ဒါဇင်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်ဟု ဆိုသည်။

ယမန်နှစ် ဒီဇင်ဘာလကလည်း တောင်ပိုင်း လေးတီပြည်နယ်ကမ်းလွန်တွင် ခရီးသည် ၅၈ဦးနှင့် အမှုထမ်း ၂၅ဦးကို သယ်ဆောင် လာသည့် ကူးတို့သင်္ဘောတစ်စင်း တိမ်းမှောက်သွားခဲ့ရာ လူပေါင်း ၇၀ခန့် ပျောက်ဆုံးသွားခဲ့ဖူးရာ ထိုစဉ်ကမူ တိုင်ဖွန်းမုန် တိုင်းကြောင့် သင်္ဘောတိမ်းမှောက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required