အယ်လ်ကေးဒါး စစ်သွေးကြွများဟု သံသယရှိသူ ၁၂ဦးကို ဘင်္ဂလားဒေ့ရှ်ဖမ်းဆီး

အယ်လ်ကေးဒါး စစ်သွေးကြွများဟု သံသယရှိသူ ၁၂ဦးကို ဘင်္ဂလားဒေ့ရှ်ဖမ်းဆီး

ဒါကာ၊ ဇူလိုင် ၁၂ ။     ။ ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အိန္ဒိယတိုက်ငယ်ရှိ အယ်လ်ခိုင်ဒါ (AQIS) ၏အကြီးအကဲ အပါအဝင် စစ်သွေးကြွများဟု သံသယရှိသူ၁၂ဦးကို ဖမ်းဆီးခဲ့သည်။

ယခုနှစ် ဘာသာရေးအစွန်းရောက်ကို ဝေဖန်သော ဘလော့ ဂါနှစ်ဦးကို သတ်ဖြတ်မှုမှာ ၎င်းတို့လက်ချက်ဟု AQIS ကပြော သည်။

အဆိုပါ၁၂ဦးကို ဇူလိုင်၁ရက်ညက ဒါကာမြို့၏နေရာအသီးသီးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု အကြမ်းဖက်တိုက်ဖျက်မှု လျင်မြန် စွာအရေးယူရေးတပ်ရင်းမှ မက်ဆူဒူလ်အာလမ်က ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ရှိ AQIS ညိနှိုင်းရေးမှူးချုပ် မိုင်နူလ်အစ္စလာမ်နှင့် ၎င်း၏ထိပ်တန်းလက်ထောက် ဇာဖာအာမင်လည်း ဖမ်းဆီးခံသူများ တွင် ပါဝင်သည်။ AQIS သည် တောင်အာရှရှိ စစ်သွေးကြွ လှုပ်ရှားမှုများအတွက် အယ်လ်ခိုင်ဒါပေါင်းစည်း အဖွဲ့ဖြစ်သည်၏ မွတ်စလင် အများစုရှိသော နိုင်ငံတွင် ဘာသာရေးအစွန်းရောက်မှုကို အွန်လိုင်းမှ ဝေဖန်သူ သုံးဦးမှာ ဘင်္ဂလားဒေ့ရှ်တွင် ဓါးဖြင့် ခုတ်သတ်ခံခဲ့ရသည်။

ယင်းသို့သတ်ဖြတ်မှုသုံးမှုတွင် နှစ်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း AQISက ပြောကြားခဲ့သည်။ ယင်းသို့သတ်ဖြတ်ခံရသူများ ထဲတွင် အမေရိကန်-ဘင်္ဂလားဒေ့ရှ် လှုပ်ရှားတက်ကြွသူနှင့် ဘလော့ဂါ အာဗစ်ရွိုင်းလည်းပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required