ကန်ဒေါ်လာ ၁၃ ဘီလျံခန့်ကုန်ကျသည့် ကမ္ဘာ့တန်ဖိုးအကြီးဆုံးစစ်သင်္ဘောကို စက်တင်ဘာတွင် အမေရိကန်စစ်တပ် စတင်အသုံးပြုဖွယ်ရှိ

ကန်ဒေါ်လာ ၁၃ ဘီလျံခန့်ကုန်ကျသည့် ကမ္ဘာ့တန်ဖိုးအကြီးဆုံးစစ်သင်္ဘောကို စက်တင်ဘာတွင် အမေရိကန်စစ်တပ် စတင်အသုံးပြုဖွယ်ရှိ

ဝါရှင်တန်၊ ဧပြီ၊ ၈ ။          ။ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၉ ဘီလျံခန့်အကုန်အကျခံတည်ဆောက်ထားသည့် ကမ္ဘာ့တန်ဖိုးအကြီးဆုံး လေယာဉ်တင် စစ်သင်္ဘောကို လာမည့်စက်တင်ဘာလထဲတွင် စတင်အသုံးပြုနိုင်မည်ဟုမျှော်မှန်းထားကြောင်း အမေရိကန်ရေတပ်မှ အရာရှိတစ်ဦးက ပြောကြားသည်။

သမိုင်းတစ်လျှောက်တည်ဆောက်ခဲ့သမျှထဲတွင် ကုန်ကျစရိတ်အများဖြစ်လာမည့် ယင်း လေယာဉ်တင်စစ်သင်္ဘောကြီး သည် အလေးချိန် တန် ၁၀၀၀၀၀ ရှိပြီး ပေ ၁၁၀၀ ခန့်အရှည်ရှိသည်။

အဆိုပါစစ်သင်္ဘောကို ၂၀၀၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် မတ်လတွင် ၉၇ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ် ကာ လာမည့် ဂျူလိုင်လထဲတွင် စမ်းသပ်မောင်းနှင်မှုများ   ပြုလုပ်နိုင်မည်ဟု မျှော်မှန်းထားသည်။

ထိုကဲ့သို စမ်းသပ်မောင်းနှင်ပြီးနောက် ၂ လအကြာ စက်တင်ဘာတွင်မှ ရေတပ်ထံသို့လွှဲပြောင်းပေးအပ်သွားမည် ဖြစ်သည်။

အဆိုပါသင်္ဘောကို ၂၀၀၆ ခုနှစ်တုန်းက ကွယ်လွန်သွားခဲ့သော ၃၈ ယောက်မြောက်အမေရိကန်သမ္မတ ဂျရယ်လ်ဖို့ဒ် ကို ဂုဏ်ပြုပြီး ယူအက်စ်အကစ်ဂျရယ်လ်အာဖို့ဒ် ဟုအမည်ပေးသွားမည် ဖြစ်သည်။

ယူအက်စ်အကစ်ဂျရယ်လ်အာဖို့ဒ်တွင် လျှပ်စစ်သံလိုက်နည်းပညာသုံးလေယာဉ်ပြေးလမ်းအပါအဝင် အခြားအဆင့်မြင့် နည်းပညာများလည်း ပါဝင်မည်ဖြစ်သည်။

အမေရိကန်ရေတပ်သည် ၂၀၂၁ ခုနှစ်တွင် စစ်သင်္ဘော ၃၀၈ စီးပိုင်ဆိုင်နိုင်ရန် ရည်မှန်းချက်ချမှတ်ပြီး သင်္ဘောများ တည်ဆောက်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required