လက်မှတ်ခ မြင့်မားနေမှုအပေါ် အမေရိကန်လေကြောင်းလိုင်းများကို တရားရေးဌာနက စုံစမ်းစစ်ဆေး

လက်မှတ်ခ မြင့်မားနေမှုအပေါ် အမေရိကန်လေကြောင်းလိုင်းများကို တရားရေးဌာနက စုံစမ်းစစ်ဆေး

ဝါရှင်တန်၊ ဇူလိုင်-၂ ။        ။ လေယာဉ်လက်မှတ်ခများ အစဉ်သဖြင့် မြင့်မားနေစေရန် အမေရိကန်လေကြောင်းလိုင်းများ ပူးပေါင်း ကြံစည်ခြင်း ရှိမရှိ တရားရေးဌာနက စုံစမ်းစစ်ဆေးလျှက်ရှိသည်။ လေကြောင်းလိုင်းတစ်ချို့ တရားမဝင်ညှိနှိုင်းမှု ဖြစ်နိုင်ချေကို စုံစမ်းစစ်ဆေးနေကြောင်း အေပီ သတင်းတစ်ရပ်ကို တရားရေးဌာနက အတည်ပြုခဲ့သည်။

ပြိုင်ဆိုင်မှုကို စစ်ဆေးသည့် လှုပ်ရှားမှု၏ အစိတ်အပိုင်းအနေဖြင့် တရားရေးဌာနက လေကြောင်းလိုင်းများထံမှ အချက်အလက် များ တောင်းခံသည့် စာရွက်စာတန်းကို ကြည့်ရှုခဲ့ရကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

အမေရိကန်လေကြောင်းလိုင်းများ ပြန်လည်ပေါင်းစပ်ဖွဲ့စည်းလာသည့် နှစ်များတွင် ဤဖြစ်ရပ် ပေါ်ပေါက်လာခဲ့ခြင်းပင် ဖြစ်သည်။

၂၀၀၈ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်း အစမှာကတည်းက American ၊ United နှင့် Delta ကဲ့သို့သော အကြီးစားလေကြောင်း လိုင်းကြီးများမှာ အဆုံးအရှုံးမကြီးမားစေရန် လုပ်ငန်းစနစ်များကို ဘက်စုံ ပြုပြင်ပြောင်းလဲလာခဲ့ကြသည်။

အေပီသတင်းဌာန၏ ပြောကြားချက်အရ လက်မှတ်ခများကို အစဉ်သဖြင့် မြင့်မားနေစေရန်အတွက် လေကြောင်းလိုင်းများမှာ ယခုလက်ရှိတွင် လျှို့ဝှက် ပူးပေါင်းကြံစည်နေခြင်းရှိမရှိကို တရားရေးဌာနက စုံစမ်းစစ်ဆေးနေသည်ဟု အေပီက ပြောကြားခဲ့ သည်။ အခေါက်ရေနှင့် ထိုင်ခုံအရေအတွက်ကို လျှော့ချခြင်းဖြင့် လက်မှတ်ခကို အစဉ်သဖြင့် မြှင့်ထားနိုင်မည်ဖြစ်သည်။

တရားရေးဌာနက မည်သည့်လေကြောင်းလိုင်းများထံမှ အချက်အလက်များတောင်ခံထားသည်ကိုမူ အေပီသတင်းတွင် ဖော်ပြ ထားခြင်းမရှိပေ။ လေကြောင်းလိုင်းများ၏ အချင်းချင်းအဆက်အသွယ်နှင့် ပတ်သက်သည့် အချက်အလက်များကို စုံစမ်းစစ်ဆေး သူများက တောင်းခံဖွယ်ရှိသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required