ကြွေးဆိုင်းခွင့်မပေးမီ ဂရိ ပြုပြင်ပြောင်းလဲရမည်ဟု အိုင်အမ်အက်ဖ်အကြီးအကဲ လာဂါဒီပြောကြား

ကြွေးဆိုင်းခွင့်မပေးမီ ဂရိ ပြုပြင်ပြောင်းလဲရမည်ဟု အိုင်အမ်အက်ဖ်အကြီးအကဲ လာဂါဒီပြောကြား

ဝါရှင်တန်၊ ဇူလိုင်-၂ ။     ။ ဂရိနိုင်ငံမှာ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF)သို့ ကြေးဆပ်ရန်ပျက်ကွက်သည့် ပထမဆုံးနိုင်ငံဖြစ် လာပြီး နောက်တစ်ရက်တွင် နိုင်ငံတကာငွေချေးအဖွဲ့ကြီး အိုင်အမ်အက်ဖ်၏ အကြီးအကဲက ဂရိအနေဖြင့် ဥရောပကြွေးရှင်နိုင်ငံ များက ကြွေးကို ဆိုင်းခွင့်မပေးမီတွင် စီးပွားရေးကို ဦးစွာပြုပြင်ပြောင်းလဲသင့်သည်ဟု အကြံပြုခဲ့သည်။

ရိုက်တာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် အိုင်အမ်အက်ဖ်၏ စီမံအုပ်ချုပ်မှုဒါရိုက်တာ ခရစ္စတင်း လာဂါဒင်းက ဂရိဝန်ကြီး ချုပ် အလက်ဇစ် ဇီပရပ်စ်ကို သီးခြားပြစ်တင်ဝေဖန်ခြင်းမရှိခဲ့သော်လည်း လက်ရှိ လက်ဝဲယိမ်း ဆိုင်ရီဇာပါတီ အာဏာရမလာခင် က ဂရိစီးပွားရေးမှာ ပြန်လည်နာလန်ထလာမည့် လမ်းကြောင်းပေါ်တွင် ရှိနေခဲ့သည့်အတွက် မချင့်မရဲဖြစ်မိကြောင်းကိုမူ အရိပ် အမြွတ် ပြောကြားခဲ့သည်ဟု ဆိုသည်။

အေသင်၏ ပြုပြင်ပြောင်းလဲရန် ကတိကဝတ်နှင့် ယူရိုဇုန်အစိုးရများထံမှ ကြွေးဆိုင်းမှု မည်သည်က အရင်ဖြစ်သင့်သနည်း ဟု မေးမြန်းရာတွင်မူ ‘ပြုပြင်ပြောင်းလမှုတွေ လုပ်တာကို အရင်မြင်ချင်ပါတယ်။ အဲဒီနောက်ကမှ အခြားတစ်ဖက်က ဟန်ချက် ညီညီ လိုက်ပါလာမယ်’’ဟု လာဂါဒင်းက တုန့်ပြန်ဖြေကြားခဲ့သည်။  

ဂရိအစိုးကမူ အေသင်က ရုတ်တရက် လူထုဆန္ဒခံယူပွဲ မခေါ်မီတွင် ပြုပြင်ပြောင်းလဲရေးအတွက် ငွေသားအကူအညီ ကိစ္စအပေါ် ဥရောပနှင့် အိုင်အမ်အက်ဖ်ငွေချေးသူများနှင့် လပေါင်းများစွာ စေ့စပ်ညှနှိုင်းလာစဉ်အတွင်း ကြွေးဆိုင်းရန်အတွက် တွန်းအားပေး လာခဲ့သည်။

ခေါင်းမာသည့် ဇီပရပ်စ်က ဇူလိုင်၁ရက်နေ့က ခြျိးခြံခြွေတာရေးများ လုပ်ဆောင်ရန် တောင်းဆိုနေသည့် နိုင်ငံတကာ ထုတ်ဆယ် ကယ်တင်ရေး အပေးအယူကို ပယ်ချရန် ဂရိနိုင်ငံသားများကို တိုက်တွန်းနေသောကြောင့် ဂရိ၏ ယူရိုဇုန်အနာဂတ်ကို အဆုံး အဖြတ်ပေးမည့် ဇူလိုင်၅ရက်နေ့ လူထုဆန္ဒခံယူပွဲမတိုင်မီတွင် အီးယူပါ့တနာများနှင့် ကျိုးပြတ်သွားသည့် ဆက်ဆံရေးကို ပြန် လည်ပြင်ဆင်နိုင်မည့်အလားအလာလည်း ပျက်ဆီးသွားခဲ့သည်။  

ဂရိများကို ယုံကြည်နိုင်သလားဟု မေးမြန်းသည့်အခါတွင်မူ ‘နိုင်ငံကို ဘယ်သူကိုယ်စားပြုမယ်ဆိုတာနဲ့ ပတ်သက်လို့ ကျွန်မ တို့မှာ ရွေးချယ်ခွင့်မရှိပါဘူး။ သင့်တင့်လျောက်ပတ်စွာ ရွေးကောက်ထားတဲ့ ဘယ်အစိုးကိုမဆို စေ့စပ်ညှိနှိုင်းမှုတွေ လုပ်တဲ့အခါမှာ တရားဝင်ပါ့တနာအဖြစ်နဲ့ စကားပြောပါတယ်’’ဟု လာဂါဒင်းက ပြန်လည်ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required