ဗာဒီ၏ ၁ နှစ်အရွယ် သမီးလေးကို လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခဲ့သူအား ရဲတပ်ဖွဲ့မှ စုံစမ်းနေ

ဗာဒီ၏ ၁ နှစ်အရွယ် သမီးလေးကို လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခဲ့သူအား ရဲတပ်ဖွဲ့မှ စုံစမ်းနေ

ဧပြီ ၅၊ အင်္ဂလန် ။              ။ လက်စတာစီးတီး တိုက်စစ်မှူး ဂျေမီဗာဒီ၏ တစ်နှစ်အရွယ်သမီးလေး ဆိုဖီယာအား တွစ်တာမှ တစ်ဆင့် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်စော်ကားခဲ့သူကို ရဲတပ်ဖွဲ့မှ စုံစမ်းနေပြီ ဖြစ်သည်။

ဗာဒီ၏ ဇနီးလောင်း ဘက်ကီနီကိုးလ်ဆန်နှင့် သမီးလေး ဆိုဖီယာတို့သည် King Power Stadium တွင် ယှဉ်ပြိုင်ကစားခဲ့သည့် လက်စတာနှင့် ဆောက်သမ်တန်တို့  ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ကြပြီး ဓာတ်ပုံရိုက်ကာ တွစ်တာတွင် တင်ခဲ့ကြသည်။ ထိုပို့စ်တွင် 'Game day! Come on Daddd' ဟုရေးကာ တွစ်တာတွင် တင်ခဲ့ကြခြင်း ဖြစ်သည်။

ထိုနေ့က သမီးလေး ဆိုဖီယာသည် DADDY ဟု အမည်ရေးထိုးထားသည့် ကျောနံပါတ် ၉ လက်စတာဂျာစီကို ဝတ်ဆင်ထားသည်။ တိကျသေချာခြင်း မရှိသေးသော်လည်း ဆိုဖီယာလေးကို ခြိမ်းခြောက်ခဲ့ သူများ၏ တွစ်တာအကောင့်များအရ ၎င်းတို့သည် မန်ယူအသင်းကို အားပေးထောက်ခံသူများဖြစ်ကြောင်း ယူဆရဖွယ်ရှိနေသည်။

ဗာဒီက အလွန်ထိတ်လန့် တုန်လှုပ်စရာကောင်းပြီး ရွံ့ရှာဖွယ်ကောင်းကြောင်း ရေးသားခဲ့သလို ဗာဒီ၏ ဇနီးလောင်းကလည်း ပြောစရာစကားပင် မရှိတော့ကြောင်း ဆိုသည်။

လက်စတာအသင်းက ဂျေမီဗာဒီနှင့် ၎င်း၏မိသားစုကို အပြည့်အ၀ အားပေးထောက်ခံကြရန် တိုက်တွန်းထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly