မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးများ ကတိသစ္စာပြု

မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးများ ကတိသစ္စာပြု

မန္တလေး၊ ဧပြီ ၅ ။               ။ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (ဒသမနေ့) ကို ဧပြီလ ၅ ရက်၊နံနက် ၁၀ နာရီက ကျင်းပခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် တာဝန်ထမ်းဆောင်မည့် ပုဂ္ဂိုလ်များ ကတိသစ္စာပြုကြသည်။

အဆိုပါဝန်ကြီးများနှင့် တိုင်းအဆင့်တာဝန်ထမ်းဆောင်မည့်ပုဂ္ဂိုလ်များ၏ ဝန်ကြီးဌာနအမည်များမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး မျိုးမင်းအောင်၊စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးမြတ်သူ၊စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီးအဖြစ် ဒေါက်တာစိုးသန (ခ) ဦးကျော်စိုးသန်း၊ လျှပ်စစ်စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇာနည်အောင်၊  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးသစ်၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဒေါက်တာ ရဲလွင် ၊တိုင်းဒေသကြီး ဥပဒေချုပ်အဖြစ်ဦးအောင်ဝင်းနှင့် တိုင်းဒေသကြီး စာရင်းစစ်ချုပ်အဖြစ် ဒေါ်ခင်အေးဆွေတို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly