ချယ်လ်ဆီးအသင်းကို နည်းပြရမည့်အတွက် စိတ်လှုပ်ရှားမိကြောင်း ကွန်တီ ဖွင့်ဟ

ချယ်လ်ဆီးအသင်းကို နည်းပြရမည့်အတွက် စိတ်လှုပ်ရှားမိကြောင်း ကွန်တီ ဖွင့်ဟ

ဧပြီ ၅၊ လန်ဒန် ။              ။ ချယ်လ်ဆီးအသင်းသည် အီတလီလက်ရွေးစင်အသင်းနည်းပြ ကွန်တီကို သုံးနှစ်စာချုပ်ဖြင့် နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။ ကွန်တီသည် ယူရို ၂၀၁၆ ပြိုင်ပွဲအပြီးတွင် ချယ်လ်ဆီးအသင်းကို စတင် တာဝန်ယူမည် ဖြစ်သည်။

ချယ်လ်ဆီးအသင်းနှင့် သဘောတူညီမှု ရရှိပြီးနောက်တွင် ကွန်တီက ချယ်လ်ဆီးအသင်းကို နည်းပြရမည့်အတွက် စိတ်လှုပ်ရှားမိကြောင်း ပြောသည်။

'ချယ်လ်ဆီးအသင်းကို နည်းပြမယ့်အတွက် စိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော့်ရဲ့ အမိနိုင်ငံအသင်းကို နည်းပြရတဲ့အတွက် ဂုဏ်ယူမိပြီး အဲ့ဒီနေရာကနေ ချယ်လ်ဆီးအသင်းကို ဆွဲဆောင်နိုင်ခဲ့တဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။

ချယ်လ်ဆီးအသင်းက လူတိုင်းနဲ့တွေ့ဆုံပြီး ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ယှဉ်ပြိုင်ဖို့ မျှော်လင့်နေပါတယ်။

ကျွန်တော့်ရဲ့ ရည်မှန်းချက်ကတော့ အီတလီနိုင်ငံမှာ အောင်မြင်မှုရခဲ့တာထက်ပိုပြီး အောင်မြင်လိုပါတယ်။ မှန်းဆပြောဆိုမှုတွေကို အဆုံးသတ်ပြီး အားလုံး ရှင်းရှင်းလင်းလင်းဖြစ်အောင် ကြေညာနိုင် ခဲ့လို့ ပျော်ရွှင်မိပါတယ်' ဟု ကွန်တီက ပြောသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly