ချယ်လ်ဆီးနှင့် စာချုပ်ရန် လန်ဒန်သို့ ကွန်တီရောက်ရှိနေ

ချယ်လ်ဆီးနှင့် စာချုပ်ရန် လန်ဒန်သို့ ကွန်တီရောက်ရှိနေ

ဧပြီ ၄၊ လန်ဒန် ။              ။ ကွန်တီသည် ချယ်လ်ဆီးအသင်းနှင့် စာချုပ်အပြီးသတ်ချုပ်ဆိုနိုင်ရေးအတွက် တနင်္ဂနွေနေ့က လန်ဒန်သို့ရောက်နေပြီဟု မယ်ရာသတင်းစာက ဖော်ပြလိုက်သည်။

လက်ရှိအီတလီအသင်းနည်းပြ ကွန်တီသည် ဖေဖော်ဝါရီလက ချယ်လ်ဆီးအသင်းနှင့်အကြမ်းဖျင်းသဘောတူညီမှုရခဲ့ပြီးနောက် ယူရိုပြိုင်ပွဲ အပြီးတွင် ချယ်လ်ဆီးအသင်းကို စတင်ကိုင်တွယ်ဖွယ်ရှိနေသည်။

သို့သော် အသက် ၄၆ နှစ်အရွယ်နည်းပြအနေဖြင့် စာချုပ်ကိစ္စအသေးစိတ်အချက်အလက်များကို ဆွေးနွေးရဦးမည်ဖြစ်ပြီး တနင်္လာနေ့တွင် ဆွေးနွေးဖွယ်ရှိနေသည်။

ဒီဇင်ဘာတွင်မော်ရင်ဟိုထုတ်ခံရပြီးနောက် ချယ်လ်ဆီးအသင်းကို ဟစ်ဒင့်က ကာလတိုနည်းပြအဖြစ် တာဝန်ယူနေပြီး ချယ်လ်ဆီးအသင်း ပိုင်ရှင် အေဘရာမိုဗစ်နှင့် တာဝန်ရှိသူများက ကာလရှည် တာဝန်ပေးရမည့် နည်းပြကို ရှာဖွေခဲ့ကြသည်။

အက်သလက်တီကိုနည်းပြဆီမြွန်နီမှာ ထိပ်တန်းပစ်မှတ်တစ်ခုဖြစ်ခဲ့သေ်ာလည်း ယင်းအာဂျင်တိုင်းလူမျိုးကို အသင်းသို့ရောက်လာချင်အောင် ချယ်လ်ဆီးအသင်းက ဆွဲဆောင်နိုင်ခြင်းမရှိခဲ့ပေ။
ဂျူဗင်တပ်၏ အယ်လီဂရီကိုလည်း စဉ်းစားခဲ့သေးသော်လည်း အီတလီချန်ပီယံအသင်းတွင်သာဆက်နေမည်ဆိုသဖြင့် ကွန်တီမှာ စတမ်းဖို့ဒ် ဘရစ်ချ်နည်းပြနေရာအတွက် ရှင်းရှင်းလင်းလင်း ဦးဆောင်ခွင့် ရခဲ့ခြင်းဖြစ်သည်။

ကွန်တီအနေဖြင့် ယူရိုပြိုင်ပွဲအပြီးတွင် ချယ်လ်ဆီးနည်းပြ တရားဝင်ဖြစ်လာမည်ဟု မျှော်လင့်ရသည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly