ပရီးမီးယားလိဂ်ချန်ပီယံဖိအားကို လက်စတာဖြေရှင်းနိုင်ခဲ့ဟု ရေနီယာရီပြော

ပရီးမီးယားလိဂ်ချန်ပီယံဖိအားကို လက်စတာဖြေရှင်းနိုင်ခဲ့ဟု ရေနီယာရီပြော

ဧပြီ ၄၊ လက်စတာ ။              ။ လက်စတာအသင်းအနေဖြင့် ဆောက်သမ်တန်ကို အနိုင်ရခြင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဖိအားများကိုကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိ သည်ဟု ပြသလိုက်ခြင်း ပင်ဖြစ်ကြောင်း နည်းပြ ရေနီယာရီက ပြောသည်။

လက်စတာအသင်း ၁-၀ ဖြင့်လေးပွဲဆက်အနိုင်ရသည့်ရလဒ်ဖြစ်လာစေရန် ဝက်စ်မော်ဂန်က ဂိုးသွင်းယူခဲ့ပြီးနောက် လက်စတာအသင်းသည် စနေနေ့တွင် လီဗာပူးလ်နှင့် တစ်ဂိုးစီသရေကျခဲ့သည့် စပါးကို ခုနစ်မှတ်ဖြတ်နိုင်ခဲ့သည်။

မြေခွေးများ (လက်စတာအသင်း) အနေဖြင့် ဗိုလ်စွဲရန်အတွက် လက်ကျန်ခြောက်ပွဲတွင် ၁၂ မှတ်သာရရန်လိုတော့သည်။ "စပါးအသင်း သရေကျပြီးတဲ့အခါ လူတိုင်းက ကျွန်တော်တို့ကိုစောင့်နေကြတယ်။ ကျွန်တော်တို့ သိပ်ကောင်းတဲ့အဖြေတစ်ခုပေးလိုက်နိုင်ပြီလေ"ဟု ရေနီယာရီက ပြောသည်။

ဆက်လက်၍ ရေနီယာရီက လက်ရှိရာသီမှာ မှော်ဆန်သောရာသီတစ်ခုဖြစ်သော်လည်း လာမည့်ရာသီတွင် အလားတူမျှော်လင့်ထား၍ မရကြောင်း၊ အသင်းအနေဖြင့်အကောင်းဆုံးကြိုးစားနေကြောင်း၊ အခြားအသင်းများအတွက် ၃-ဝ၊ ၄-၀ ရလဒ်များရနိုင်သော်လည်း လက်စတာအသင်းအတွက်မူ ၁-၀ ရလဒ်အတွက် တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်းနှင့် အသင်း၏လမ်းကြောင်းကို အာရုံစိုက်သွား ရမည်ဖြစ် ကြောင်း ဖြည့်စွက်ပြောဆိုသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly