ပေးဆပ်သူများအဖွဲ့ ရန်ကုန်မြို့ပေါ် မဏ္ဍပ်များတွင် သံချပ်ဖြင့် ဖျော်ဖြေမည်

ပေးဆပ်သူများအဖွဲ့ ရန်ကုန်မြို့ပေါ် မဏ္ဍပ်များတွင် သံချပ်ဖြင့် ဖျော်ဖြေမည်

ရန်ကုန်၊ ဧပြီ  ၃ ။  ။ ပေးဆပ်သူများ သံချပ်အဖွဲ့က အတာသြင်္ကန်တွင်း၌ ရန်ကုန်မြို့ပေါ်ရှိ မဏ္ဍပ်များတွင် ယဉ်ကျေးလိမ္မာ  ကလေးငယ်များနှင့်အတူ သံချပ်ထိုးခြင်းအပါအဝင် အကပဒေသာများဖြင့် လိုက်လံဖျော်ဖြေသွားမည်ဟု ယင်းသံချပ်အဖွဲ့မှ အလုပ်မှုဆောင် ကိုကျော်ကျော်က မဇ္ဈိမကို ပြောသည်။

“မနှစ်ကတော့ သံချပ်မထွက်ဖြစ်ဘူး။ ဒီနှစ်မှာ ပြန်ထွက်ဖြစ်သွားမယ်။ ယဉ်ကျေးလိမ္မာသင်တန်းက ကလေးတွေရဲ့ ဖျော်ဖြေမှုတွေပါမယ်။ မဏ္ဍပ်အကြီးကြီးတွေမှာလည်း လိုက်ဖျော်ဖြေမယ်။ ဖိတ်တဲ့မဏ္ဍပ်တွေလည်း လိုက်ဖျော်ဖြေပါမယ်။ လမ်းသွယ်မဏ္ဍပ်ဆိုရင်တော့ ကျွန်တော်တို့ သံချပ်ကားက ကြီးတော့ ဝင်ထွက်ရတာ နည်းနည်းတော့အခက်ခဲရှိတယ်” ဟု ၎င်းက ပြောသည်။

ယင်းအပြင် နာရေးကူညီမှုအသင်းရန်ကုန် ရုံးရှေ့တွင်လည်း "ပေးဆပ်သူများ" မြန်မာ့ရိုးရာ အုန်းလက် ရေကစားမဏ္ဍပ်လေးကို ဆောက်လုပ်ထားမည် ဖြစ်သည်။

နာရေးကူညီမှုအသင်း ရန်ကုန်ရုံးတွင် ဖွင့်လှစ်သည့် နွေရာသီ ကဗျာလွတ်သင်တန်း ကလေးများအတွက် ပျော်ပွဲရွှင်ပွဲပြုလုပ်ပေးသည့်အနေဖြင့် အကအစီအစဉ်များလည်း ထည့်သွင်းသွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly