အေစီမီလန်ဂန္ထဝင် ဆီဇာမာဒီနီ ကွယ်လွန်

အေစီမီလန်ဂန္ထဝင် ဆီဇာမာဒီနီ ကွယ်လွန်

ဧပြီ ၃၊ မီလန်။           ။ အေစီမီလန်နောက်ခံလူဟောင်းနှင့် အီတလီနည်းပြဟောင်း ဆီဇာမာဒီနီသည် အသက် ၈၄ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်သည်။

အီတလီ၏ဂန္ထဝင်နောက်တစ်ဦးဖြစ်သည့် ပေါ်လိုမာဒီနီ၏ ဖခင်ဖြစ်သူသည် စနေညတွင် ကွယ်လွန်သွားခဲ့သည်ဟု မိသားစုက ကြေညာခဲ့သည်။

မာဒီနီသည် ကစားသမားဘဝအချိန်အများစုကို အေစီမီလန်တွင် ကုန်ဆုံးစေခဲ့ပြီး မီလန်တွင်ကစားသည့် ၁၉၅၄ မှ ၁၉၆၆ အတွင်း စကူဒတ်တီဖလား လေးလုံး၊ ၁၉၆၃ တွင် မီလန်အသင်း၏ ပထမဆုံး ဥရောပဖလားရရှိခဲ့ကာ ပြိုင်ပွဲစုံပွဲပေါင်း ၄၀၀ ကျော်ကစားခဲ့သည်။

၁၉၆၀ တွင် အီတလီအသင်းနှင့်ပွဲထွက်ခွင့်စတင်ရရှိခဲ့ပြီး နှစ်နှစ်အကြာတွင် ကမ္ဘာ့ဖလားကစားခွင့်ရရှိခဲ့ကာ အီတလီအသင်းအတွက် စုစု ပေါင်း ၁၄ ပွဲကစားခွင့်ရခဲ့သည်။

၁၉၆၇ တွင်တိုရီနိုကစားသမားအဖြစ်မှအနားယူခဲ့ပြီးနောက် ၁၉၇၂ တွင် အေစီမီလန်သို့ နည်းပြဘဝဖြင့်ပြန်ရောက်လာခဲ့ကာ အသင်းကို ဥရောပရှုံးထွက်ဗိုလ်များဖလား၊ ကိုပါအီတာလီယာဖလားများ ရရှိစေခဲ့သည်။

၁၉၈၀-၈၆ အထိ အီတလီလက်ထောက်နည်းပြဖြစ်ခဲ့ပြီး ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလားတွင် အီတလီနည်းပြအဖြစ်တာဝန်ယူခဲ့ကာ ၂၀၀၂ ကမ္ဘာ့ ဖလားတွင်လည်း ပါရာဂွေးအသင်းနည်းပြအဖြစ်   ဆောင်ရွက်ခဲ့သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly