မြောက်ဦးတွင် နေအိမ်ကို စစ်ကား ဝင်တိုက်ခဲ့

မြောက်ဦးတွင် နေအိမ်ကို စစ်ကား ဝင်တိုက်ခဲ့

စစ်တွေ၊ ဧပြီ ၂ ရက် ။           ။ ဧပြီ ၁ ရက်က မြောက်ဦးမြို့နယ်၊ ဗန္ဓုလရပ်ကွက်ရှိ နေအိမ်တစ်လုံးကို မြောက်ဦး အခြေစိုက် တပ်ရင်း ခလရ (၃၇၈) ၏ တပ်မတော်သုံး ယာဉ်တစ်စီးက မတော်တဆ ဝင်တိုက်ခဲ့ပြီး နေအိမ်ရှေ့မျက်နှာစာ အမိုးများနှင့် အုတ်နံရံများ ပြိုပျက်ခဲ့ကာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း သိရသည်။

"မှားတာကား အဲဒီကားဘက်က မှားတာပါပဲ၊ မောင်းတဲ့သူက အမောင်းသင်လို့ ယာဉ်ပေါ်မှာ ပါလာတဲ့သူက ပြောတယ်၊ သူတို့က ဗန္ဓုလ တံတားဘက်နေ စန္ဒမုနိ လမ်းပေါ် အကွေ့မှာ၊ အနားကပ်ပြီး သုံးဘီး တက္ကစီတစ်စီးက အဲဒီကားနဲ့ မျက်နှာချင်းဆိုင် တက်လာတယ်။ အဲဒါကို ရှောင်ရင်း စတီယာကို ညာဘက်ကို ကွေ့လိုက်တာမှာ ပလက်ဖောင်းပေါ် အိမ်ကို ဝင်တိုက်တာ၊ သုံးဘီး တက္ကစီမှာလည်း အပြစ်မရှိပါဘူး၊ မောင်းတဲ့သူက အစိုးရိမ်လွန်တာမှာ ဖြစ်သွားတာပါ” ဟု ၎င်းအိမ်ပိုင်ရှင် ဖြစ်သူ ဒေါ်မရွှေအေး၏ သား ဦးမောင်ကျော်ဇောက မဇ္ဈိမကို ပြောသည်။

ယာဉ်တိုက်မှုကြောင့် နေအိမ်ပျက်စီးမှုတန်ဖိုးအဖြစ် ကာလတန်ဖိုး ကျပ် ၁၀ သိန်းကို ပေးလျော်ရန် တောင်းဆိုခဲ့သော်လည်း တပ်မတော်အရာရှိတစ်ဦး၏ ညှိနှိုင်းမှုဖြင့် ကျပ် ၇ သိန်းပေးလျော်ကာ   ပြေလည်မှု ရရှိခဲ့ကြောင်း ဦးမောင်ကျော်ဇောက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly