ရန်ကုန်တိုင်း ကရင် နှင့် ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီးတို့ ခန့်အပ်

ရန်ကုန်တိုင်း ကရင် နှင့် ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီးတို့ ခန့်အပ်

ရန်ကုန်၊ ဧပြီ ၁ ။             ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ၂ ဦးဖြစ်သည့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးတို့ကို ဧပြီလ ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ အတည်ပြု ခန့်အပ်လိုက်သည်။

ဧပြီလ ၁ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒသမမြောက်နေ့တွင် ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် ဦးဇော်အေးမောင်နှင့် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးအဖြစ် နော်ပန်းသဉ္စာမျိုးတို့ကို အတည်ပြုခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

"တိုင်းရင်းသားရေးရာဆိုတာ အရမ်းကျယ်ပြန့်တယ်။ ဒီလိုမျိုးတိုင်းရင်းသားရေးရာများကို လုပ်နိုင်မှ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးက ခိုင်မာမှာ" ဟု ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။

ဦးဇော်အေးမောင်သည် သမ္မတဦးသိန်းစိန် လက်ထက်တွင် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ယခု အစိုးရသစ်လက်ထက်တွင်လည်း ထပ်မံရွေးခြယ်ခြင်းခံခဲ့ရ သူဖြစ်သည်။

ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံသည့် နော်ပန်းသဉ္စာမျိုးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦးဖြစ်ပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်သည် ယခင် ရခိုင်အမျိုးသားပါတီပါတီမှ ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုစီရှိ လူဦးရေ၏ ဝ.၀၁ ရာခိုင်နှုန်းရှိသော တိုင်းရင်းသားလူမျိုးများအတွက် တိုင်းရင်းသားရေးရာဝန်ကြီးတစ်နေရာ ဝင်ရောက်ရွေးကောက်ခံပိုင်ခွင့်ရှိပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွက် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ဝင်ရောက်အရွေးချယ်ခံခဲ့ကြခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required