ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လွှတ်တော်တွင် ကတိသစ္စာပြု

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လွှတ်တော်တွင် ကတိသစ္စာပြု
(ဓာတ်ပုံ - Phyo Min Thein - FB)

ရန်ကုန်၊ မတ် ၃၁ ။              ။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပြီး ထမ်းဆောင်ရမည့်တာဝန်များကို ကိုယ်စွမ်းရှိသရွေ့ အစွမ်းကုန်ထမ်းဆောင်မည်ဟု မတ် ၃၁ ရက် နေ့ နံနက်က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကတိသစ္စာပြုခဲ့သည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းဝေးနဝမနေ့ တွင် နိုင်ငံတော်သမ္မတက ဦးဖြိုးမင်းသိမ်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးပြီးဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လွှတ်တော်တွင် ကတိသစ္စာ ပြု ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို ဖွဲ့စည်းပုံ အခြေ ခံဥပဒေပါ လုပ်ပိုင်ခွင့်နှင့်အညီ နိုင်ငံတော်သမ္မတက တိုက်ရိုက် ခန့်အပ်ခွင့်ရှိသည့်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် လှည်းကူးမြို့ နယ် မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းအား ၂၀၁၅ ရွေး ကောက်ပွဲနေ့တွင် မဲရုံအတွင်းဝင်ရောက်ပြီးတရားမဲ့ပြုကျင့် သည်ဟုဆိုကာ မတ် ၂၁ရက်နေ့က လူအင် အား ၁၀၀၀ ကျော်ဖြင့် ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန် အားကစားကွင်းမှ တာမွေမြို့နယ်ရှိ ပြည်သူ့ဟစ်တိုင်ကွင်း သို့ ချီတက် ဆန္ဒပြခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required