အာဆီယံ-ကိုရီးယားစင်တာ က မြန်မာနှင့်ဖိလစ်ပိုင်သို့ စီးပွားရေးမစ်ရှင်တစ်ရပ် စေလွှတ်မည်

အာဆီယံ-ကိုရီးယားစင်တာ က မြန်မာနှင့်ဖိလစ်ပိုင်သို့ စီးပွားရေးမစ်ရှင်တစ်ရပ် စေလွှတ်မည်

ဆိုးလ်၊ မတ်၊ ၂၉ ။       ။ တောင်ကိုရီးယားနိုင်ငံနှင့် အာဆီယံဒေသကြားတွင် ယဉ်ကျေးမှုနှင့်စီးပွားရေးဖလှယ်မှုများမြှင့်တင်ရန် ရည်ရွယ် တည်ထောင်ထားသည့် အာဆီယံ-ကိုရီးယားစင်တာ က မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့ စီးပွားရေးမစ်ရှင်တစ်ရပ် စေလွှတ်သွားရန် စီစဉ်လျှက်ရှိသည်။

တောင်ကိုရီးယား၏ စားသောက်ကုန်တင်ပို့သူလုပ်ငန်းရှင်များပါဝင်သည့် အဆိုပါစီးပွားရေးမစ်ရှင်ကို အာဆီယံ-ကိုရီးယားစင်တာက လာမည့်လထဲတွင် စေလွှတ်သွားမည် ဖြစ်သည်။

ထို စီးပွားရေးမစ်ရှင်အတွက်ရွေးချယ်ခံရသော တောင်ကိုရီးယားလုပ်ငန်းရှင်များသည် ဧပြီလ ၃ ရက်နေ့မှ ၉ ရက်နေ့ အတွင်းတွင် ရန်ကုန်မြို့နှင့် မနီလာမြို့တို့သို့လာရောက်ကာ ဒေသတွင်းမှ စီးပွားရေးလုပ်ငန်းများနှင့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ထိုစီးပွားရေးမစ်ရှင် အစီအစဉ်ကို မြန်မာစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် ဖိလစ်ပိုင်ပို့ကုန်အေဂျင်စီ တို့က တာဝန်ယူအကုန်အကျခံသွားမည် ဖြစ်သည်။

'' မြန်မာ နဲ့ ဖိလစ်ပိုင် တို့ဟာ ဒီနှစ်မှာ စီးပွားရေး ၈ ရာခိုင်နှုန်းလောက်တိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ် '' ဟု အာဆီယံ-ကိုရီးယားစင်တာမှ အရာရှိတစ်ဦးက ပြောကြားသည်။

အာဆီယံ-ကိုရီးယားစင်တာကို ၂၀၀၇ ခုနှစ်က စင်္ကာပူနိုင်ငံတွင်ကျင်းပသည့် ၁၁ ကြိမ်မြောက် ကိုရီးယား-အာဆီယံ ညှိနှိုင်းဆွေးနွေးပွဲတွင် ချမှတ်ခဲ့သည့် သဘောတူညီချက်တစ်ရပ်အရ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly