အငြင်းပွားအရှေ့ တရုတ်ပင်လယ်ကျွန်းများအနီး ဂျပန်က ရေဒါစခန်းဖွင့်

အငြင်းပွားအရှေ့ တရုတ်ပင်လယ်ကျွန်းများအနီး ဂျပန်က ရေဒါစခန်းဖွင့်

တိုကျို၊ မတ် ၂၈ ။            ။ ဂျပန်က အရှေ့တရုတ်ပင်လယ်တွင် ရေဒါစခန်းတစ်ခုကို မတ် ၂၈ တွင် ဖွင့်လှစ်သည်။ ယင်းစခန်းက ထိုင်ဝမ်အနီး၊ တိုကျိုနှင့် ပေကျင်းတို့က ပိုင်ဆိုင်သည်ဟု ပြောကြား ထားသော အငြင်းပွားကျွန်းများအနီး အမြဲတမ်းထောက်လှမ်းရေးသတင်းစုဆောင်းသည့် စခန်းတစ်ခုဖြစ်လာမည်ဖြစ်သည်။

ယိုနာဂူနီကျွန်းပေါ်ရှိ ဂျပန်၏ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေးတပ်ဖွဲ့ အခြေစိုက်စခန်းသစ်သည် ဂျပန်လို ဆင်ကာကူ တရုတ်လို တျောက်ယု ဟုခေါ်ဆိုသည့် အငြင်းပွားကျွန်းများ၏ တောင်ဘက် ကီလိုမီတာ ၁၅၀အကွာ အရှေ့တရုတ်ပင်လယ်ရှိ ဂျပန်ကျွန်းစု၏ အနောက်ဖျားစွန်းတွင် တည်ရှိသည်။

"ဒီရေဒါစခန်းက ဂျပန်ကို ဒေါသထွက်စေပါလိမ့်မယ်"ဟု ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်ချုပ်ဟောင်းတစ်ဦးနှင့် နိဟွန်းတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ နိုဇိုမူယိုရှီတိုမီက ပြောသည်။

ယင်းစခန်းကို ဒေသတွင်းစစ်ဆင်ရေးများတွင် အခြေစိုက်စခန်းတစ်ခုအဖြစ်လည်း အသုံးပြုနိုင်သည်ဟု ၎င်းကထပ်ပြောသည်။ ထို့အပြင် ဂျပန်ကျွန်းမကြီးမှ ကီလိုမီတာ ၁,၄၀၀ကွာဝေးသော  ကျွန်းစုတန်း တစ်လျှောက် ပိုမိုကျယ်ပြန့်သည့် စစ်အင်အားစုစည်းမှုလည်းဖြစ်သည်။

ယိုနာဂူနီသည် နောက်ထပ်တိုးလာသည့် တင်းမာမှုတစ်ခုဖြစ်သည်ဟု အမေရိကန်ရေတပ်စစ်ကောလိပ် ပါမောက္ခတစ်ဦးဖြစ်သူ တိုရှီယိုရှိဟာရာက ပြောသည်။

ကျွန်းစုတန်းတစ်လျှောက် ရေဒါစခန်းများထပ်နေသည့် ကွန်ရက်က အရှေ့တရုတ်ပင်လယ်တွင် ဂျပန်၏ စောင့်ကြည့်နိုင်စွမ်းကို မြင့်တင်စေမည်ဟုလည်း ၎င်းကထပ်မံပြောဆိုသည်။ ယိုနာဂူနီသည် ထိုင်ဝမ်၏ အရှေ့ဘက် ကီလိုမီတာ ၁၀၀ ခန့်သာကွာဝေးပြီး ၂၀၁၃က တရုတ်က သတ်မှတ်ခဲ့သည့် လေကြောင်းကာကွယ်ရေးဇုန်၏ အနားစွန်းအနီးတွင် တည်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly