မြန်မာအများဆုံးဖြစ်သည့် ဂရိသို့ ရွှေ့ပြောင်းဝင်ရောက်သူ ၃၀၀ ကျော်အား တူရကီတွင် တားဆီးထား

မြန်မာအများဆုံးဖြစ်သည့် ဂရိသို့ ရွှေ့ပြောင်းဝင်ရောက်သူ ၃၀၀ ကျော်အား တူရကီတွင် တားဆီးထား

ဂရိနိုင်ငံ လီစဘိုကျွန်းသို့ ဝင်ရောက်ရန် ကြိုးစားသည့် မြန်မာနိုင်ငံသား အများဆုံးပါဝင်သော တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူများ လှေသင်္ဘော ငါးစင်းအား တူရကီကမ်းခြေစောင့်တပ်က တားဆီး ထားကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြသည်။

အဆိုပါ ရွှေ့ပြောင်းဝင်ရောက် လှေများက လီစဘိုကျွန်းသို့ ဦးတည်စဉ် အစ်မားပြည်နယ် ဒီကီလီမြို့အနီး ကမ်းလွန် မိုင်လေးမိုင်ခန့်တွင် တူရကီကမ်းခြေစောင့်သင်္ဘောတစ်စင်းက တွေ့ရှိခြင်းဖြစ်သည်။

ထိုရွှေ့ပြောင်းလှေများကို ကမ်းခြေစောင့်သင်္ဘောက ရပ်တန့်ခိုင်းကာ ကမ်းခြေသို့ ခေါ်ဆောင်လာပြီးနောက် ရဲလက်အပ်ခဲ့ခြင်းဖြစ်သည်။

ရွှေ့ပြောင်းလှေများတွင် ပါရှိသူအများစုမှ မြန်မာနိုင်ငံသားများဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ဂရိကျွန်းများသို့ ရောက်ရှိလာသည့် ရွှေ့ပြောင်းသူများအားလုံးကို ပြန်လည်ပို့ရန် မတ် ၂၀ ရက်က ဥရောပ-တူရကီ သဘောတူညီမှုရရှိနောက်ပိုင်း တူရကီမှတစ်ဆင့် ဂရိသို့ ဝင်ရောက်သူ ရွှေ့ပြောင်းသူဦးရေသည် အရေအတွက် ကျဆင်းလာခဲ့သည်။

ထိုသဘောတူညီချက်မရရှိခင်က နေ့စဉ် ရွှေ့ပြောင်းသူ အရေအတွက်များစွာ ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။ မတ် ၂၂ ရက်က ၆၆၂ ဦး ရောက်ရှိခဲ့သော်လည်း မတ် ၂၃ ရက်တွင် ၆၀၀ ဦးနှင့် မတ် ၂၄ ရက်တွင် ၂၆၀ ဦး ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required