ကိုယ်ပိုင်ကမ်းခြေနှင့် ရဟတ်ယာဉ်တောင်းဆိုခဲ့၍ အပြောင်းအရွှေ့ပျက်ခဲ့သည့် ဂါဗင်ဟို

ကိုယ်ပိုင်ကမ်းခြေနှင့် ရဟတ်ယာဉ်တောင်းဆိုခဲ့၍ အပြောင်းအရွှေ့ပျက်ခဲ့သည့် ဂါဗင်ဟို

ဇူလိုင် ၁၊ ရောမ။ ။ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဂါဗင်ဟိုရဲ့ အရှေ့အလယ်ပိုင်းဒေသအသင်းတစ်သင်းထံ တောင်းဆိုခဲ့မှုကတော့ ကြားရသူတွေကို အံ့သြ သွားစေခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိုင်ဗရီကို့စ်တိုက်စစ်မှူးဟာ လွန်ခဲ့တဲ့နှစ်ရာသီအတွင်း ရိုးမားအသင်းမှာခြေစွမ်းပြခဲ့ပေမယ့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်းမှာ အိုလံပီကိုကွင်းကနေထွက်ခွာတော့မယ်လို့ သတင်းတွေထွက်နေသူပါ။

ဒါပေမဲ့လည်း ကလပ်အသင်းတစ်သင်းထံသူ့ရဲ့တောင်းဆိုမှုကသိပ်များလွန်းတာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရတယ်လို့ အီတလီ သတင်းစာ ဂဇက်တာဒယ်လိုစပို့က ဖော်ပြခဲ့ပါတယ်။

ရိုးမားအသင်းနဲ့ အဘူဒါဘီကလပ် အယ်ဂျာဇီးယားတို့ဟာ ပြောင်းရွှေ့ကြေးယူရို ၁၃ သန်း (ပေါင် ၉ ဒသမ ၂၅)နဲ့ သဘောတူညီမှုရခဲ့ပေမယ့် ဂါဗင်ဟိုရဲ့တောင်းဆိုမှုကြောင့် ပျက်ပြယ်ခဲ့ရပါတယ်။

ဂါဗင်ဟိုတောင်းဆိုခဲ့တာက သူသွားဖို့လာဖို့ ရဟတ်ယာဉ်တစ်စီးအချိန်ပြည့်ထားပေးဖို့၊ မိသားစုတွေကို နေရာချထားပေးဖို့၊ ကိုယ်ပိုင် ကမ်းခြေ တစ်ခုနဲ့ အိုင်ဗရီကို့စ်ကိုပြန်ဖို့ လေယာဉ်လက်မှတ်တွေပဲ ဖြစ်ပါတယ်။ ဒီတောင်းဆိုမှုတွေကြောင့် အပြောင်းအရွှေ့ပျက်ခဲ့ရတာပါ။

တိုက်စစ်မှူးဂါဗင်ဟိုဟာ ရိုးမားအသင်းနဲ့ စာချုပ်သက်တမ်း သုံးနှစ်ကျော်ကျန်နေသေးတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

ရည်ညွှန်း အင်ဒီပန်းဒန့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly