ကစားသမားများစုစည်းမှုအပြည့်နှင့် ကစားနိုင်ပါက လက်ဘနွန်နှင့်ပွဲရလဒ်ကောင်းနိုင်ဟု ဂတ်ဇီဆီသုံးသပ်

ကစားသမားများစုစည်းမှုအပြည့်နှင့် ကစားနိုင်ပါက လက်ဘနွန်နှင့်ပွဲရလဒ်ကောင်းနိုင်ဟု ဂတ်ဇီဆီသုံးသပ်
မြန်မာနှင့်လက်ဘနွန်တို့ ပထမအကျော့ပွဲစဉ်အဖြစ် ကစားခဲ့စဉ်။

မတ် ၂၇၊ ရန်ကုန်။            ။ မတ်လ ၂၉ရက်တွင်ကစားမည့် လက်ဘနွန်အသင်းနှင့်ပွဲတွင် ကစားသမားများအာရုံစူးစိုက်မှုအပြည့်နှင့်ကစား ပါက ရလဒ်ကောင်းရနိုင်သည်ဟု နည်းပြ ဂတ်ဇီဆီကသုံးသပ်ခဲ့သည်။

မြန်မာအသင်းမှာ လက်ဘနွန်အသင်းနှင့်ပွဲတွင် သုံးဂိုးအထက် ဂိုးပြတ်မရှုံးပါက အာရှဖလားခြေစစ်ပွဲတတိယအဆင့်မှ တိုက်ရိုက်ဝင်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ကစားသမားတွေအနေနဲ့ အာရုံစူးစိုက်မှုအပြည့်နဲ့ကစားမယ်ဆိုရင် လက်ဘနွန်နဲ့ပွဲမှာ ရလဒ်ကောင်းဖို့ မခက်ပါဘူး။ အစွမ်းကုန်ကြိုးစား ဖို့တော့လိုပါတယ်။ လက်ဘနွန်နဲ့ ပထမအကျော့ပွဲကို ကျွန်တော် ကြည့်ပြီးပါပြီ။ သူတို့အသင်းက ခြေကုန်ထုတ် မကစားခဲ့ဘူးလို့ထင်ပါတယ်။ ဒုတိယအကျော့မှာတော့ သူတို့ အလျှော့ပေးတော့မှာ မဟုတ်ပါဘူး။ဟု ဂတ်ဇီဆီကပြောသည်။

မြန်မာအသင်းမှာ ၂၀၁၆ဆူူဇူကီးဖလားနှင့် ၂၀၁၉ အာရှဖလားခြေစစ်ပွဲစဉ်များအတွက် ပြင်ဆင်နေသောအသင်း ဖြစ်ပြီး လက်ဘနွန်နှင့်မကစားမီ စင်ကာပူအသင်းနှင့်ခြေစမ်းခဲ့ရာ ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းမှာ ဂျာမနီနည်းပြ ဂတ်ဇီဆီလက်ထက်တွင်နိုင်ငံတကာပွဲ ၃ပွဲကစားထားရာ ဟောင်ကောင်ကို ၅-ဝဂိုး၊ ကိုရီးယားကို ၄-ဝဂိုး၊ စင်ကာပူကို ၂-၁ဂိုးများဖြင့် ရှုံးနိမ့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly