အီရတ်က ပန်းခြံတွင် အိုင်အက်စ်တို့ အသေခံဗုံးခွဲ၍ လူ သုံးဆယ်နီးပါး သေဆုံး

အီရတ်က ပန်းခြံတွင် အိုင်အက်စ်တို့ အသေခံဗုံးခွဲ၍ လူ သုံးဆယ်နီးပါး သေဆုံး

ဘဂ္ဂဒက်၊ မတ် ၂၆ ။               ။ အီရတ်နိုင်ငံ အစ်ကန်ဒါရီယာမြို့ရှိ လူစည်ကားရာ ပန်းခြံတွင် အသေခံတိုက်ခိုက်မှုဖြစ်ပြီး လူပေါင်း ၂၉ ဦး သေဆုံးကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါ ပန်းခြံကွင်းပြင်အတွင်း ဘောလုံးပွဲကျင်းပပြီးစီးချိန်၌ အသေခံဗုံးခွဲသူက ဗုံးကို ဖောက်ခွဲပစ်ခြင်းဖြစ်ကာ ထိုတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူပေါင်း ၆၀ ကျော်ထက်မနည်းရှိခဲ့ကြောင်း ရဲနှင့် ဆေးရုံသတင်းရင်းမြစ်များက ပြောသည်။

အစ်ကန်ဒါရီယာမြို့သည် ရှီးယိုက်အများစုနေထိုင်ရာမြို့ဖြစ်ပြီး မြို့တော် ဘဂ္ဂဒက်မှ ၂၅ မိုင်အကွာတွင် ရှိသည်။

ယခုတိုက်ခိုက်မှုအား အိုင်အက်စ်တို့က ၎င်းတို့ကျုးလွန်ခြင်းဖြစ်သည်ဟု ကြေညာခဲ့သည်။

ဆွန်နီများဖြစ်ကြသည့် အိုင်အက်စ်အဖွဲ့သည် အီရတ်မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့က နယ်မြေအများအပြားကို သိမ်းပိုက်ထားနိုင်သည်။ အီရတ်နိုင်ငံအတွင်း ရှီးယိုက်များကို ပစ်မှတ်ထားကာ တိုက်ခိုက်မှုများ များစွာ ဆောင်ရွက်ခဲ့သည်။

ဘောလုံးပွဲမှာ အနိုင်ရအသင်းကို ဆုချီးမြှင့်စဉ်အချိန်၌ ဗုံးခွဲသမားကို ကိုယ်ကိုကို ဖောက်ခွဲပစ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသရဲမှူးတစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။

သေဆုံးသူများတွင် ယင်းမြို့ မြို့တော်ဝန်လည်း ပါကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်ကိုကိုးကားကာ အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly