မာရက်ဇ်မှာ ဘာစီလိုနာတွင် ကစားရန် အရည်အချင်းပြည့်ဝသူဟု ဇာဗီ ထောက်ခံ

မာရက်ဇ်မှာ ဘာစီလိုနာတွင် ကစားရန် အရည်အချင်းပြည့်ဝသူဟု ဇာဗီ ထောက်ခံ

မတ် ၂၅၊ စပိန် ။              ။ လက်စတာအသင်းအတွက် ခြေစွမ်းပြ ကစားလျက်ရှိသည့် အယ်လ်ဂျီးရီးယားလက်ရွေးစင် တောင်ပံကစားသမား မာရက်ဇ်သည် ဘာစီလိုနာအသင်းတွင် ကစားရန် လုံလောက်သည့်အရည်အချင်းရှိသူဟု ဇာဗီက ပြောဆိုလိုက်သည်။

မာရက်ဇ်သည် ယခုနှစ်ရာသီတွင် လက်စတာအသင်းအတွက် ပွဲ ၃၀ ကစားခဲ့ရာတွင် ၁၆ ဂိုးသွင်းပြီး ၁၁ ဂိုးဖန်တီးပေးထားကာ လက်စတာမြို့ခံအသင်းကို အမှတ်ပေးဇယားထိပ်ဆုံးရောက်အောင် ကူညီပေးထားသည်။ ထို့ကြောင့်အသက် ၂၅ နှစ်အရွယ်ရှိ မာရက်ဇ်ကို ဘာစီလိုနာအသင်းအပါအဝင် ဥရောပထိပ်သီးအသင်းများက စောင့်ကြည့်နေကြသည်။

ဘာစီလိုနာအသင်း၏ ဂန္ထဝင်ကွင်းလယ်ကစားသမားဟောင်း ဇာဗီက 'သူက တကယ်ကောင်းတဲ့ ကစားသမားပါ။ ဒီရာသီမှာ ရုတ်တရက်ကြီး ကျွန်တော့်ရဲ့အာရုံတွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ အရင်က သူ့ကို ဘယ်သူမှန်းမသိပါဘူး။ ဒါပေမဲ့ ဒီရာသီမှာ အရမ်းတိုးတက်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ အကောင်းဆုံးခြေစွမ်းပြကစားပြီး ထိပ်တန်းကစားသမားတစ်ဦးဖြစ်ကြောင်းကို သက်သေပြခဲ့ပါတယ်။ သူ့အသင်းအတွက် အကောင်းဆုံးလုပ်ပေးနိုင်လို့ ကျေးဇူးတင်မိပါတယ်။ အခုအချိန်မှာ သူဟာ ဥရောပက ဘယ်ထိပ်တန်းကလပ်အသင်းမှာမဆို ကစားနိုင်စွမ်း ရှိတဲ့သူပါ' ဟု ချီးကျူးခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly