တောင်ကိုရီးယားသမ္မတကို ပစ်မှတ်ထားသည့် အမြောက်ပစ်လေ့ကျင့်မှု မြောက်ကိုရီးယားခေါင်းဆောင် စောင့်ကြည့်

တောင်ကိုရီးယားသမ္မတကို ပစ်မှတ်ထားသည့် အမြောက်ပစ်လေ့ကျင့်မှု မြောက်ကိုရီးယားခေါင်းဆောင် စောင့်ကြည့်

ဆိုးလ်၊ မတ် ၂၅ ။             ။ ပြုံယမ်း၏ ခြိမ်းခြောက်မှုများက ပုဂ္ဂိုလ်ရေးဆန်မှုသို့ ပြောင်းလဲနေစဉ် တောင်ကိုရီးယား၏ သမ္မတ၏ အစိုးရအိမ်တော်ကို ပစ်မှတ်ထားသည့် ပုံစံတူတိုက်ခိုက်မှုတစ်ခုအဖြစ် ကျည်အစစ်ဖြင့် ပြုလုပ်သည့် တာဝေးပစ် အမြောက်ပစ်လေ့ကျင့်မှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က စောင့်ကြည့်ခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက မတ် ၂၅တွင် အစီရင်ခံသည်။

"အမြောက်ဆန်များသည့် လျပ်စီးကဲ့သို့ ပျံသန်းကာ ဆိုးလ်ရှိ ချောင်ဝါဒဲ(တောင်ကိုရီးယားသမ္မတအိမ်တော်)နဲ့ သူပုန်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ပုံစံတူလုပ်ထားတဲ့ ပစ်မှတ်တွေကို   ပြင်းပြင်းထန်ထန်ထိမှန်ပါတယ်"ဟု မြောက်ကိုရီးယားနိုင်ငံပိုင် ကေစီအဲန်အေသတင်းအေဂျင်စီက ဖော်ပြသည်။

မြောက်ကိုရီးယား၏ ဇန်နဝါရီလက လေးကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု၊ နောက်တစ်လအကြာ တာဝေးပစ်ပဲ့ထိန်းဒုံးစမ်းသပ်မှုတို့ ကြောင့် ကိုရီးယားနှစ်နိုင်ငံကြား တင်းမာနေသည်။   တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ကြီးမားသည့် စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားနှင့် အမေရိကန်တို့အား သမားရိုးကျလက်နက်များနှင့်သာမက နျူလက်နက်များဖြင့်ပါ တိုက်ခိုက်မည်ဟု မြောက်ကိုရီးယားက နေ့စဉ်နီးပါး ခြိမ်းခြောက်လျက်ရှိသည်။

အိမ်ပြာတော်(တောင်ကိုရီးယားသမ္မတအိမ်တော်)ကို မီးတောက်ပြာမှုန့်ပင်လယ်ဖြစ်သွားအောင် ၎င်း၏အမြောက်တပ်များက အသင့်ဖြစ်နေပြီး တောင်ကိုရီးယားသမ္မတပတ်ဂွန်ဟေးမှာ မသက်မသာ အဆုံးသတ်ရလိမ့်မည်ဟု မြောက်ကိုရီးယားက မတ် ၂၃က ခြိမ်းခြောက်ခဲ့သည်။ ယခုအမြောက်ပစ်လေ့ကျင့်မှုမှာ အကြီးမားဆုံးလေ့ကျင့်မှုဖြစ်ပြီး တာဝေးပစ်အမြောက်မျိုးစုံ ရာပေါင်းများစွာပါဝင်သည်ဟု   ကေစီအဲန်အေသတင်းဋ္ဌာနက အစီရင်ခံသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly