ကန်ကြီးထောင့်စျေးမီးရှို့မှုနှင့်ပတ်သက်ပြီး ညစောင့်များကို မေးမြန်းနေ

ကန်ကြီးထောင့်စျေးမီးရှို့မှုနှင့်ပတ်သက်ပြီး ညစောင့်များကို မေးမြန်းနေ

ပုသိမ်၊ မတ် ၂၄ ။              ။ ဧရာဝတီတိုင်းကန်ကြီးထောင့်မြို့နယ်ရှိ ကန်ကြီးထောင့်မြို့မဈေးကို မတ်၂၃ ရက် ည ၁၁နာရီက မီးရှို့မှုနှင့်ပတ်သက်ပြီး ဈေးညစောင့်များကို အသေးစိတ်   မေးမြန်းနေကြောင်း ကန်ကြီးထောင့်မြို့၊မြို့မစခန်းမှူးရဲအုပ်သိန်းလွင်က ပြောသည်။

"ဆိုင်ခန်းအမှတ် B1ရှေ့မှာ ရေသန့်ဗူးထဲ ဒီဇယ်ဖြည့်ပြီးမီးရို့ထားတဲ့ အမှုနဲ့ပတ်သက်ပြီး ညစောင့်တွေကိုအသေးစိတ်မေးမြန်းဆောင်ရွက်နေပါတယ် ၊စည်ပင်ဘက် အမှုဖွင့် မဖွင့်မသိသေးဘူး"ဟု ၎င်းကဆိုသည်။

ဈေးသူဈေးသားများ အဆိုပါလုပ်ဆောင်မှုမှာ ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

"ကျွန်မသိတော့ မီးငြိမ်းနေပြီး၊ ဘယ်သူတွေလုပ်မှန်းတော့မသိဘူး အရင်က အခုလိုမျိုးမရှိခဲ့ဘူး၊ လုပ်တဲ့သူကဈေးကြီးတခုလုံးပျက်စီးစေချင်တာလား သံသယ ရှိစရာကောင်းတယ်" ဟု မီးရှို့ခံရသည့် ဆိုင်ရှင်ဒေါ်ဝင်းပပဟန်က မဇ္ဈိမသို့ပြောသည်။

" မီးရှို့ခံရတဲ့ ဆိုင်ရှင်ဟာပုဂ္ဂိုလ်ရေးပြဿနာရှိတဲ့သူမဟုတ်ဘူး ပုဂ္ဂိုလ် ရေးမုန်းတီးမှုကြောင့်မဟုတ်ဘူး၊ ဈေးကကန်ကြီးထောင့်မြို့ လူစည်းကားဆုံးနေရာကိုပစ်မှတ်ထားပြီးလုပ်တာ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်ထားပုံပေါ်တယ် "ဟု ကန်ကြီးထောင့်မြို့နေဦးဝေယံအောင် ပြောသည်။

မီးရှို့ခံရမှုကြောင့် ဆိုင်ခန်းတံခါး မီးခိုးမှိုင်းမိခဲ့ပြီး ဆိုင်ရှေ့ဘက်တွင် ဆီလောင်ထားသည့်အကွက်များမြင်တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required