မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ကော်မတီ ၄ခုဖွဲ့စည်း

မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ကော်မတီ ၄ခုဖွဲ့စည်း

မန္တလေး၊မတ် ၂၄ ။           ။ ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို မတ်လ ၂၄ ရက်၊နံနက် ၁၀ နာရီက ကျင်းပခဲ့ပြီး ကော်မတီ ၄ ခုဖွဲ့စည်းခဲ့သည်။

အဆိုပါဖွဲ့စည်းလိုက်သော ကော်မတီ ၄ ခုမှာ ပြည်သူ့ရေးရာကော်မတီ၊ပြည်သူ့ငွေစာရင်းသုံးစွဲမှု စီစစ်ရေးကော်မတီ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကော်မတီနှင့် သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီတို့ ဖြစ်သည်။

ပြည်သူ့ရေးရာကော်မတီတွင် ဥက္ကဌအဖြစ် ပြည်ကြီးတံခွန်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ဦးဇော်မောင်(ခ)ဦးဇော်မောင်မောင်၊အတွင်းရေးမှူးအဖြစ် ပုသိမ်ကြီးမြို့နယ်၊ မဲဆန္ဒနယ်၊အမှတ်(၂)မှ ဦးရဲမင်းဦး တို့ပါ ၇ ဦးဖြင့်ဖွဲ့စည်းခဲ့သည်။

ပြည်သူ့ငွေစာရင်းသုံးစွဲမှု စီစစ်ရေးကော်မတီတွင် ဥက္ကဌအဖြစ် စဉ့်ကူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်သန်းထွန်း၊ အတွင်းရေးမှူးအဖြစ် တောင်သာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝိုင်းချစ်အောင် တို့အပါ ၇ ဦးဖြင့်ဖွဲ့စည်းခဲ့သည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးကော်မတီတွင် ဥက္ကဌအဖြစ် အမရပူရမြို့နယ်၊မဲဆန္ဒနယ် အမှတ်(၁)မှ ဦးမြင့်ဆွေ၊အတွင်းရေးမှူးအဖြစ် မဲဆန္ဒနယ်အမှတ်(၂)ဒေါက်တာကျော်နိုင် တို့အပါ ၇ ဦးဖြင့်ဖွဲ့စည်းလိုက်ပြီး သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီတွင် ဥက္ကဌအဖြစ် ကျောက်ပန်းတောင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)မှ ဦးအေးခိုင်၊အတွင်းရေးမှူး အဖြစ် မဟာအောင်မြေမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဇော်ဇော်အောင်တို့ပါ ၇ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly