ဥရောပမြို့ကြီးများကို တိုက်ခိုက်ရန် စောင့်နေသည့် လေ့ကျင့်ပေးထားသည့် အိုင်အက်စ် အကြမ်းဖက်သမား ၄၀၀ ရှိ

ဥရောပမြို့ကြီးများကို တိုက်ခိုက်ရန် စောင့်နေသည့် လေ့ကျင့်ပေးထားသည့် အိုင်အက်စ် အကြမ်းဖက်သမား ၄၀၀ ရှိ

ဘဂ္ဂဒက်၊ မတ် ၂၄ ။             ။ အိုင်အက်စ်တွင် တစ်စိတ်တစ်ပိုင်း ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး အပြန်အလှန်ချိတ်ဆက်ထားသော အကြမ်းဖက်အဖွဲ့အစည်းငယ်များရှိသည်။ ယင်းအဖွဲ့အစည်းများတွင် ဥရောပမြို့ကြီးများကို တိုက်ခိုက်ရန် လေ့ကျင့်ပြင်ဆင်ထားသော အကြမ်းဖက်သမား ၄၀၀ ကျော်ရှိသည်ဟု ထောက်လှမ်းရေးအရာရှိများစွာက ပြောသည်။

ဘရပ်ဆဲလ်နှင့် ပါရီတို့ကို တိုက်ခိုက်ခဲ့သော အဖွဲ့များကဲ့သို့ အကြမ်းဖက်အဖွဲ့ငယ်များသည် အများဆုံးသေကြေမှုဖြစ်စေနိုင်သည့် အချိန်၊ နေရာနှင့် နည်းလမ်းကို တွေ့ရှိပါက တိုက်ခိုက်မှုပြုလုပ်ရန် အမိန့်ပေးထားပြီးဖြစ်သည်ဟု အရာရှိများက ဆိုသည်။ ဘရပ်ဆဲလ်တိုက်ခိုက်မှုအပြီးနောက်တစ်ရက်တွင် ဥရောပနှင့် အီရတ် ထောက်လှမ်းရေးအရာရှိများ၊ အိုင်အက်စ်ကွန်ရက်များနှင့် ကျွမ်းဝင်သည့် ပြင်သစ်ဥပဒေပြုအမတ်တစ်ဦးတို့က သတိပေးခဲ့ခြင်းဖြစ်သည်။

ဆီးရီးယားနှင့် အီရတ်ရှိ အချို့စခန်းများမှာ အထူးသဖြင့် အနောက်နိုင်ငံများတွင် တိုက်ခိုက်မှုပြုလုပ်ရန် တိုက်ခိုက်သူများအား လေ့ကျင့်ပေးသည့် နေရာဖြစ်နိုင်သည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

အကြမ်းဖက်အဖွဲ့ငယ်များရောက်ရှိမှုနှင့် အတူ တိုက်ခိုက်မှုတွင် သံသယရှိသူများကို ဖမ်းဆီးခြင်းက ပြောင်းလဲမှုရှိမည်မဟုတ်ဘဲ ရောက်နေသည့် အကြမ်းဖက်သမားအရေအတွက်ကို အတိအကျသိထားပါက တိုက်ခိုက်မှုဖြစ်မည်မဟုတ်ဟု အိုင်အက်စ်ကွန်ရက်များကို ခြေရာခံသည့် ကော်မရှင်တစ်ခု၏ ပူးတွဲအကြီးအကဲ ပြင်သစ်အထက်လွှတ်တော်အမတ်နာသာလီဂူးလက်က ပြောသည်။

ဆိုခဲ့သည့် စခန်းများတွင် တိုက်ခိုက်ရေးသမားများသည် စစ်မြေပြင်မဟာဗျူဟာ၊ ဖောက်ခွဲရေးပညာ၊ စောင့်ကြည့်သည့်နည်းပညာနှင့် တန်ပြန်စောင့်ကြည့်သည့်နည်းပညာများကို လေ့ကျင့်ပေးခဲ့သည်ဟု အမည်မဖော်သော ဥရောပလုံခြုံရေးအရာရှိတစ်ဦးက ပြောသည်။ ၂၀၁၄က အိုင်အက်စ်တိုက်ခိုက်ရေးသမားအချို့မှာ သင်တန်းရက် နှစ်ပတ်သာပေးခဲ့သော်လည်း ယခုအခါမဟာဗျူဟာ ပြောင်းသွားသည်ဆိုသည်။ အထူးအဖွဲ့များဖွဲ့စည်းထားပြီး သင်တန်းကာလမှာလည်း ပို၍ကြာရှည်လာသည်။

ခန့်မှန်းချက်များအရ ဥရောပမြို့ကြီးများတွင် တိုက်ခိုက်ရန် အိုင်အက်စ်အကြမ်းဖက်သမား ၄၀၀နှင့် ၆၀၀ ကြား လေ့ကျင့်ပေးထားသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly