“The Revenant” ဇာတ်ကား အရောင်းမြှင့်တင်ရေးအတွက် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ သည့် လီယိုနာဒို ဒီကာပီရို

“The Revenant” ဇာတ်ကား အရောင်းမြှင့်တင်ရေးအတွက် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ သည့် လီယိုနာဒို ဒီကာပီရို

တိုကျို၊ မတ် ၂၄ ။             ။ ဟောလီးဝုဒ်ကြယ်ပွင့် လီယိုနာဒို ဒီကာပီရိုသည် “The Revenant” ဇာတ်ကား အရောင်းမြှင့် တင်ရေးအတွက် နှစ်နှစ်တာ ကာလအတွင်း ဂျပန်နိုင်ငံသို့ ပထမဆုံး သွားရောက်ခဲ့သည်။

သားမွှေးများရရှိရန် တိရစ္ဆာန်ထောင်ဖမ်းသည့် မုဆိုးတစ်ဦး ဝက်ဝံအကိုက်ခံရမှုကြောင့် သေပြီ ဟု ထင်မှတ်ကာ အပေါင်းအဖော်များက ထားခဲ့ရာမှ နေရပ်သို့ပြန်ရန် ကြိုးပမ်းသည့် အကြောင်းကို ပုံဖော် ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။ လီယိုနာဒိုသည် ယင်းဇာတ်ကားဖြင့် ဖေဖော်ဝါရီလက ကျင်းပခဲ့သော အော်စကာဆုပေးပွဲတွင် ပထမဆုံးအကြိမ် အော်စကာဆုကို ရရှိခဲ့ကြောင်းနှင့် ဒါရိုက် တာ အဲလက်ဇ်အန်ဒရိုအီနာရူတီက အကောင်းဆုံး ဒါရိုက်တာဆု ကိုရရှိခဲ့သည်။

“ကျွန်တော် ဒီဇာတ်ကားနဲ့ အော်စကာဆုကို လက်ခံရရှိခဲ့တယ်။ အရမ်းကို ဝမ်းသာခဲ့ပါတယ်။  ဇာတ်ကား ရိုက်ကူးတဲ့အခါ ကျွန်တော် တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် ဆက်လက် ကြိုးစားသွားမှာပါ” ဟု လီယိုနာဒိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“The Revenant” ဇာတ်ကား ပွဲဦးထွက်ပြသပွဲကို မတ် ၂၃ ရက်က တိုကျိုမြို့ရှိ Roppongi Hills တွင် ကျင်းပ ပြုလုပ်ခဲ့သည်” ကျွန်တော်ဟာ ရုပ်ရှင်သမိုင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဂုဏ်ပြု ခံခဲ့ရတယ်။ အော်စကာဆု ချီးမြှင့်ခံရတာဟာ ကျွန်တော် အနုပညာရှင် အားလုံးအတွက် ကြီးမားတဲ့ ဂုဏ်ပြုမှုတစ်ခု ဖြစ်ပါတယ်” ဟု လီယိုနာဒိုက ဇာတ်ကား ပွဲဦးထွက်ပြသပွဲတွင် ပရိတ်သတ်များကို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required