ပြည်ထောင်စုဝန်ကြီး ၁၈ဦး၏ အမည်စာရင်းကို ကန့်ကွက်သူမရှိ အတည်ပြု

ပြည်ထောင်စုဝန်ကြီး ၁၈ဦး၏ အမည်စာရင်းကို ကန့်ကွက်သူမရှိ အတည်ပြု

နေပြည်တော်(မတ်လ ၂၄)။ ။ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဦးထင်ကျော်က
တင်ပြလာသော ပြည်ထောင်စုဝန်ကြီး(၁၈)ဦး၏ အမည်စာရင်းကို အတည်ပြုကြောင်း လွှတ်တော်နာယက
မန်းဝင်းခိုင်သန်းက ကြေငြာလိုက်သည်။

အဆိုပါ ပြည်ထောင်စုဝန်ကြီး(၁၈)ဦးအား ကန့်ကွက်သူမရှိသဖြင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုကြောင်း
လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက မတ်လ ၂၄ရက်၊ လွှတ်တော်အစည်းအဝေးတွင် ကြေငြာလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဝန်ကြီး(၁၈)ဦး၏ အမည်စာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။ ၎င်းတို့မှာ...
၁) ဒေါ်အောင်ဆန်းစုကြည်

၂) ဒေါက်တာအောင်သူ

၃) ဦးသန့်စင်မောင်

၄) သူရဦးအောင်ကို

၅) ဦးအုန်းဝင်း

၆) ဦးသိန်းဆွေ

၇) ဦးကျော်ဝင်း

၈) ဦးခင်မောင်ချို

၉) ဒေါက်တာမြင့်ထွေး

၁၀) ဦးဝင်းခိုင်

၁၁) ဒေါက်တာဝင်းမြတ်အေး

၁၂) ဦးအုန်းမောင်

၁၃) ဒေါက်တာသန်းမြင့်

၁၄) နိုင်သက်လွင်

၁၅) ဒေါက်တာဖေမြင့်

၁၆) ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း

၁၇) ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ

၁၈) ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required