မြေယာပျက်စီးမှုတိုင်းတာမည့် ဓါတ်ခွဲခန်းဖွင့်လှစ်နိုင်ရန် ဆွေးနွေး

မြေယာပျက်စီးမှုတိုင်းတာမည့် ဓါတ်ခွဲခန်းဖွင့်လှစ်နိုင်ရန် ဆွေးနွေး

တောင်သူလယ်သမားများ အကျိုးအတွက် မြေယာပျက်စီးမှုတိုင်းတာနိုင်မည့် ဓါတ်ခွဲခန်းကို ဖွင့်လှစ်နိုင်ရန် ဆွေးနွေးခဲ့သည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အဖွဲ့ဝင် ဦးလှဆန်းက ပြောသည်။

ဆွေးနွေးပွဲတွင် တောင်သူလယ်သမားများနှင့် အရပ်ဘက်အဖွဲ့အစည်းများက မြေယာ ပျက်စီးမှုတိုင်းတာနိုင်သည့် ဓါတ်ခွဲခန်းများ ဖွင့်လှစ်ပေးရန်တောင်းဆိုခဲ့ကြသည်။

မြေယာပျက်စီးမှုတိုင်းတာရန်အတွက် လွှတ်တော်ကော်မတီက နေရာနှင့် ဓါတ်ခွဲခန်းတွင် တာဝန်ထမ်းဆောင်မည့်လူ ရှာဖွေပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးနှင်းဦးက    ဓါတ်ခွဲခန်းနှင့် လိုအပ်သည့် ပစ္စည်းများထောက်ပံ့မည်ဟု ဆွေးနွေးခဲ့ကြသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အဖွဲ့ဝင် “ဆွေးနွေးခဲ့ကြတာပါ။ အရင်ဆုံးဖွင့်ဖို့ကတော့ မကွေးတိုင်းဒေကြီးမှာပါ။ တိုင်းဒေသကြီးအစိုးရနဲ့ ဆက်လက်ဆွေးနွေးဖို့ရှိပါသေးတယ်။   နေရာကိစ္စတွေပေါ့” ဟု ပြောသည်။

အမျိုးသားလွှတ်တော်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကိုယ်စားလှယ်များနှင့် အလုပ်သမားသမဂ္ဂများ၊ အလုပ်ရှင်အဖွဲ့အစည်းများ နှင့် အရပ်ဘက်လူ့ အဖွဲ့အစည်းများ   အလုပ်မားကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေး ကဏ္ဍ တိုးတက်စေရန်  ၂၀၁၆ ခုနှစ် မတ်လ ၁၉ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကိုယ်စားလှယ်ကော်မတီ အဖွဲ့ဝင် ဦးလှဆန်းက“ အဲ့ဒီနေ့က ဆွေးနွေးခဲ့တာတော့ အများကြီးပါပဲ။   တောင်သူလယ်သမားကဏ္ဍမှာတော့ အဲ့ဒီအချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ မြေဆီလွာမှာစိမ့်ဝင်နေတဲ့ NPK ဓါတ်ကိုတိုင်းမှာပါ။ လူအတွက်ကတော ဥပမာ ဓါတုဗေဒနဲ့ ကျောင်းပြီးတဲ့ ကလေးတွေကို ရှာရမှာပေါ့”ဟု ဆက်လက်ပြောသည်။

ဆွေးနွေးပွဲတွင် ဥပဒေပြင်ဆင်ရေးလုပ်ငန်း၊ မူဝါဒများချမှတ်ရေး ကိစ္စရပ်များတွင် ပါဝင်ပတ်သက်သူအားလုံး (Stakeholder) များ၏တင်ပြချက်များ၊ အကြံပြုချက်များ၊ အဆိုပြုချက်များကို လက်ခံစဉ်းစား၍ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ၂၀၁၆ခုနှစ်၊ မတ်လ၊ ၁၉ရက်နေ့တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ရုံးခန်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly