မန်စီးတီးကိုယူရိုပါလိဂ်တွင် နည်းပြရနိုင်သည်ဟု ဂွာဒီယိုလာကို ရှီးယားသတိပေး

မန်စီးတီးကိုယူရိုပါလိဂ်တွင် နည်းပြရနိုင်သည်ဟု ဂွာဒီယိုလာကို ရှီးယားသတိပေး

မတ် ၂၁၊ မန်ချက်စတာ။               ။ အိမ်ကွင်းတွင်မန်စီးတီးအသင်း ငါးပွဲမြောက်ပရီးမီးယားလိဂ်ရှုံးပွဲကြုံပြီးနောက် ဂွာဒီယိုလာအနေဖြင့် လာမည့်ရာသီတွင် မန်စီးတီးအသင်းကို ယူရိုပါလိဂ်၌နည်းပြရနိုင်သည်ဟု အလန်ရှီးယားက သတိပေးပြောဆိုလိုက်သည်။

မန်ချက်စတာဒါဘီတွင် ရှုံးပွဲကြုံပြီးနောက် အဆင့် ၄ နေရာမှာ မန်စီးတီးအသင်းသည် ဝက်စ်ဟမ်း၊ မန်ယူတို့နှင့် တစ်မှတ်သာကွာတော့သည့် အနေအထားသို့ရောက်သွားသည်။

နွေရာသီတွင် မန်စီးတီးအသင်းကို ပယ်လီဂရီနီလက်ထဲမှလွှဲပြောင်းရယူတော့မည့် ဂွာဒီယိုလာသည် အသင်းဟောင်းများဖြစ်သည့် ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့နှင့် ချန်ပီယံလိဂ်တွင်ပြန်လည် ရင်ဆိုင်ရမည်ဟု မျှော်မှန်းခံနေရသော်လည်း ယူရိုပါလိဂ်သို့လည်းရောက်သွား မည်ကို ရှီးယားကစိုးရိမ်နေခြင်းဖြစ်သည်။

နယူးကာဆယ်တိုက်စစ်မှူးဟောင်း ရှီးယားက "သူ့စာချုပ်ထဲမှာထည့်ချုပ်ထားမယ်လို့ ခင်ဗျားတို့ထင်လား။ ဘာကြောင့်လည်းဆိုတော့ သူ့အနေနဲ့ ယူရိုပါလိဂ်ကစားရမယ့်အသင်းတစ်သင်းနဲ့ စာချုပ်မှာမဟုတ်ဘူးလို့ ကျွန်တော်သေချာပြောရဲတယ်။

ချန်ပီယံလိဂ်ကစားရတဲ့အသင်းနဲ့ပဲ သူစာချုပ်မှာ။ တကယ်လို့ မန်ချက်စတာစီးတီးအသင်း ချန်ပီယံလိဂ်မဝင်ရင် တကယ့်အန္တရယ်ပဲ"ဟု ပြောသည်။

Ref; Dailymail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly