အိန္ဒိယ-မြန်မာနယ်စပ် မိုရတ်မြို့တွင် ဗုံးခွဲမှုဖြစ်

အိန္ဒိယ-မြန်မာနယ်စပ် မိုရတ်မြို့တွင် ဗုံးခွဲမှုဖြစ်

မြန်မာနယ်စပ် အိန္ဒိယ မဏိပူရ်ပြည်နယ် မိုရတ်နယ်စပ်မြို့တွင် ခြေရာမကောက်နိုင်သေးသည့် ဥပဒေမဲ့လူတစ်စုက အတော်အသင့် ပေါက်ကွဲအား ပြင်းထန်သည့် ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း ရဲတာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ် ၁၈ ရက် ညက ဖြစ်ပွားသည့် ယင်းဗုံးခွဲတိုက်ခိုက်မှုတွင် ထိခိုက်သေကျေမှု မရှိကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

တိုင်းရင်းမျိုးနွယ်စုများ ကြီးစိုးရာ မိုရတ်မြို့တွင် စီးပွားရေးလုပ်ငန်းရှင် ငွေရှင်ကြေးရှင်များအား ဆက်ကြေးကောက်ခံရာ၌ ခြိမ်းခြောက်ခြင်းသဘောဖြင့် ဖောက်ခွဲခြင်း ဖြစ်ဖွယ်ရှိကြောင်း ၎င်းကပြောသည်။

မိုရတ်မြို့သည် မူးယစ်မှောင်ခိုမှုများနှင့် လက်နက်ကုန်ကူးမှုများ အပါအဝင် ဥပဒေမဲ့လှုပ်ရှားမှုများဖြင့် နာမည်ဆိုးထွက်ရာ မြို့ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ယခု ဗုံးကွဲမှုနှင့် ပတ်သက်ကာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးနိုင်ခြင်း မရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly