MPT ၀န်ဆောင်မှုအသစ် ဖြစ်သည့် လိုတရ"အမည်ရှိ web portal ထုတ်လွင့်

MPT ၀န်ဆောင်မှုအသစ် ဖြစ်သည့် လိုတရ"အမည်ရှိ web portal ထုတ်လွင့်

ရန်ကုန်၊ မတ် ၁၇ ။           ။ သတင်းများဝင်ရောက်ဖတ်ရှုနိုင်ခြင်းနှင့်အတူ MPT၏ တခြားဝန်ဆောင်မှုများ ထည့်သွင်းထားသော "လိုတရ"အမည်ရှိ web portalတစ်ခုကို မတ် ၁၇ရက်နေ့တွင် ထုတ်လွှင့်လိုက်ပြီဖြစ်ကြောင်း MPTမှ chief commercial officer ဦးသိန်းဟုတ်က ပြောကြားသည်။

လိုတရအမည်ရှိ web portalတွင် ရရှိနိုင်သော ဝန်ဆောင်မှုများမှာ google search box ၊ ၃နာရီခြားတစ်ခါ updateပြုလုပ်ပေးမည် ဖြစ်သော မိုးလေဝသသတင်းများ၊ နိုင်ငံတကာငွေကြေး လဲလှယ်နှုန်းများ၊  ကဏ္ဍစုံသတင်းများဖတ်ရှုနိုင်ခြင်းနှင့် အတူ MPT သုံးစွဲသူများအတွက် ခေါ်သူနားဆင်တေးသံစဉ် ရယူခြင်း မိုဘိုင်းဖုန်းအချင်းချင်းဘီလ်လွှဲပြောင်းခြင်း၊   ငွေဖြည့်ခြင်း၊ အင်တာနက် packageဝယ်ယူခြင်း၊ ဆွေသဟာ၊ call me back၊ MPT call center၊ MPT websiteနှင့် MPT Facebookများကိုပါ ကြည့်ရှုခွင့်ရမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

"လိုတရ"web portalကို မြန်မာဘာသာစကားဖြင့် ကြည့်ရှုနိုင်မည်ဖြစ်ပြီး ပထမဆုံးစာမျက်နှာသို့ဝင်ရောက်မှုအတွက် အခမဲ့ဖြစ်ကာ သုံးစွဲသူအနေဖြင့် နှစ်သက်ရာ ဝန်ဆောင်မှုများ အသုံးပြုပါက ကျသင့်သော အင်တာနက် dataဖိုး ဖြတ်တောက်သွားမည်ဖြစ်သည်။

ဝန်ဆောင်မှုအသုံးပြုလိုသောသူများအနေဖြင့် http://lotayamm.com တွင် သွားရောက်ကြည့်ရှုရယူနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

လိုတရ web portalထုတ်လွှင့်ရန် MPTနှင့် ရန်ကုန်မီဒီယာဂရု(Yangon Media Group)၊ Information Matrix Co., Ltdနှင့် 7Day Newsတို့ကအကျိုးတူ ပူပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required