နိုင်ဂျီးရီးယားတွင် ဘိုကိုဟာရမ်အစွန်းရောက်အဖွဲ့၏ ဖမ်းဆီးခံရသည့် ကျောင်းသူနှစ်ရာကျော် ဘရိန်းဝတ်ရှ်လုပ်ခံရကာ သတ်ဖြတ်မှုများ ကျုးလွန်နေ

နိုင်ဂျီးရီးယားတွင် ဘိုကိုဟာရမ်အစွန်းရောက်အဖွဲ့၏ ဖမ်းဆီးခံရသည့် ကျောင်းသူနှစ်ရာကျော် ဘရိန်းဝတ်ရှ်လုပ်ခံရကာ သတ်ဖြတ်မှုများ ကျုးလွန်နေ

နိုင်ဂျီးရီးယားနိုင်ငံတွင် ဘိုကိုဟာရမ်အစွန်းရောက်များ လွန်ခဲ့သည့်တစ်နှစ်ကျော်က ပြန်ပေးဆွဲ ဖမ်းဆီးသွားသဖြင့် ပျောက်ဆုံး လျက်ရှိသည့် ကျောင်းသူနှစ်ရာကျော်ထက်မနည်းသည် ဝါဒမှိုင်းတိုက်ခြင်း ဘရိန်းဝတ်ရှ်လုပ်ခံရပြီး အစွန်းရောက်အဖွဲ့အတွက် လူသတ်ခြင်းများကို ကျုးလွန်နေကြကာ ဘိုကိုဟာရမ်တို့ ဖမ်းဆီးထားသည့် အခြားအကျဉ်းသားများ ကိုလည်း နှိပ်စက်ညည်းပန်း မှုများ လုပ်ဆောင်နေကြကြောင်း သတင်းထွက်ပေါ်လာသည်။

ဖမ်းဆီးခံကျောင်းသူလေးများနှင့် အတူစခန်းတစ်ခုတည်းဖမ်းဆီးချုပ်နှောင်ခံရသည့် အခြားအမျိုးသမီးများက အဆိုပါကျောင်း သူလေးများသည် ၎င်းတို့ကိုဖမ်းဆီးလာခဲ့သူများအတွက် လူသတ်ဖြတ်ခြင်းများကို ကိုယ်တိုင်ပါဝင်လုပ်ဆောင်နေ ကြကြောင်းပြော ကြသည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့က ပြီးခဲ့သည့်တစ်နှစ်အလွန်က ဘိုကိုဟာရမ်အဖွဲ့က ကျောင်းသူ ၂၇၆ ဦးကို ဖမ်းဆီးပြန်ပေးဆွဲသွားကြောင်း၊ တစ်ချို့ကျောင်းသူများမှာ ဘိုကိုဟာရမ်တို့အတွက် တိုက်ပွဲများဝင်နေရကြောင်း ပြောသည်။

ထိုသို့ ဖမ်းဆီးခံကျောင်းသူလေးများ ဘိုကိုဟာရမ်တို့၏ ဝါဒမှိုင်းမိ၍ လူသတ်ဖြတ်ခြင်းကို မျက်မြင်တွေ့ကြုံခဲ့သူ အသက် ၁၇ အရွယ် မိန်းကလေးတစ်ဦးက ၎င်း၏ အတွေ့အကြုံကို ပြန်လည်ပြောပြရာတွင် ဘိုကိုဟာရမ်တို့က ၎င်းအားဖမ်းဆီးသွားပြီးနောက် စစ်သွေးကြွတစ်ဦးနှင့် အတင်းလက်ထပ်ခဲ့ရကြောင်း ပြောသည်။

လက်ထပ်ရန် ၎င်းကငြင်းဆန်ချိန်တွင် သူမရှေ့မှာပင် အကျဉ်းသားများထဲမှ လူလေးဦးကို လည်လှီးသတ်ခဲ့ကြကြောင်း၊ သူမ အနေဖြင့် ဆက်လက်ငြင်းဆန်နေမည်ဆိုပါက ယင်းကဲ့သို့ပင် လည်လှီးသတ်ခံရဖွယ်ရှိ၍ အစွန်းရောက်စစ်သွေးကြွတစ်ဦးကို လက်ထပ်ပေါင်းသင်းခဲ့ရရာ ထိုသူ၏ အကြိမ်ကြိမ်သားမယားပြုကျင့်မှုကို ခံရပြီး လက်ရှိတွင် ကိုယ်ဝန်လွယ်ထား ရပြီဖြစ်ကြောင်းပြောသည်။

သူမကဲ့သို့ပင် အကျဉ်းစခန်းတွင်ရှိနေသည့် ကျောင်းသူလေးများမှာ အစွန်းရောက်ဘိုကိုဟာရမ်များဖက်က လိုက်ပါပူးပေါင်းရန် သူမကိုတိုက်တွန်းကြကြောင်း၊ ၎င်းပြင်လည်း ယင်းကျောင်းသူလေးများကိုယ်တိုင် သူမရှေ့မှာပင် ခရစ်ယာန်ဝင်အမျိုးသားများကို သတ်ဖြတ်သည်ကို မြင်တွေ့ခဲ့ရကြောင်းလည်း ပြောခဲ့သည်။

”သူတို့တွေက ခရစ်ယာန်တွေဖြစ်တယ်။ ခရစ်ယာန်တွေကို မြေပေါ်မှောက်ခိုင်တယ်။ ပြီးတော့ ဒီကျောင်းသူလေးတွေက လည်လှီးပြီး သတ်ဖြတ်လိုက်ကြတာပဲဖြစ်ပါတယ်။”ဟု အမည်မဖော်သည့် ယင်းမိန်းကလေးက ပြောသည်။

”ကျောင်းသူမိန်းကလေးတွေက ကျွန်မတို့လို ဖမ်းဆီးခံလာရသူတွေကို ပြောပါတယ်။ မိန်းမတွေအနေနဲ့ လင်ယောက်ကျားတွေရဲ့ သင်ပြမှုကို ခံယူရမှာဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ လင်ယောက်ကျားတွေက သူ့တို့ရဲ့ အသွေးအသားကို ပေးအပ်ထား လို့ပဲဖြစ်တယ်။

ကျွန်မတို့တွေက အလာဟ်အတွက် စစ်ပွဲဝင်ကြရမှာဖြစ်တယ်ဆိုပြီး ပြောကြပါတယ်။”ဟု ဘိုကိုဟာရမ်တို့လက် တွင်းခြောက် လကြာဖမ်းဆီးခံထားရပြီးနောက်ထွက်ပြေးလွတ်မြောက်လာခဲ့သည့် ယင်းအမျိုးသမီးငယ်ကပြောခဲ့ပါတယ်။

လက်ရှိမှာ ပြန်ပေးဆွဲခံရသည့် ကျောင်းသူများက ဘိုကိုဟာရမ်အဖွဲ့အတွက် တိုက်ပွဲများဝင်ပေးနေခြင်းကို ဖော်ထုတ်ပြသနိုင်ခြင်းဖြစ်ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသားရေးအဖွဲ့မှ လူ့အခွင့်အရေးလှုပ်ရှားတက်ကြွသူများက ပြောသည်။

”အမျိုးသမီးများနဲ့ မိန်းကလေးများကို ဖမ်းဆီးပြီး ဝါဒမှိုင်းတိုက်ခိုင်းစေတာက ဘိုကိုဟာရမ်တွေရဲ့ စစ်ဆင်ရေးတစ်ရပ်ဖြစ်နိုင်ပါ တယ်။”ဟု အဖွဲ့မှ အာဖရိကဆိုင်ရာဥက္ကဌဖြစ်သူ နက်ဆန်နက်ဘီလေးကပြောသည်။

ပြီးခဲ့သည့်နှစ်များအတွင်း ဘိုကိုဟာရမ်အစ္စလာမ်မစ်အစွန်းရောက်များက အမျိုးသမီးနှင့် မိန်းကလေးများ ထောင်ပေါင်းများစွာ ကို ပြန်ပေးဆွဲဖမ်းဆီးခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းက နိုင်ဂျီးရီးယားနိုင်ငံတွင် အနည်းဆုံးလူပေါင်း ၃၀ သေဆုံးခဲ့သည့် အသေခံဗုံးခွဲမှုကို လုပ်ဆောင်ခဲ့ သည့် ဆက်ကျော်သက်မိန်းကလေးနှစ်ဦးသည် ဘိုကိုဟာရမ်အဖွဲ့ ပြန်ပေးဆွဲကာ ဝါဒမှိုင်းတိုက်ခံရသည့် မိန်းကလေးများဖြစ်ဖွယ် ရှိကြောင်း စိုးရိမ်မှုများ ရှိထားသည်။

Ref: Mail Online

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required