မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အတွက် ပဏာမ ရွှေကြို အဖြစ် လူ ၁၀၀ ရွေးချယ်

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အတွက် ပဏာမ ရွှေကြို အဖြစ် လူ ၁၀၀ ရွေးချယ်

ရန်ကုန် ၊ မတ် ၁၆ ။          ။ ၂၀၁၄-၂၀၁၅ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အတွက် ရွှေကြို (အကယ်ဒမီ ဗန်းကိုင်) အဖြစ် လျှောက်ထားကြသည့် ၄၂၅ဦး  ထဲမှ ပဏာမ ရွှေကြို အဖြစ် အမျိုးသား ၅၀ဦး ၊ အမျိုးသမီး ၅၀ ဦး တို့ကို ရွေးချယ် ခဲ့ပြီး ထို ပဏာမ ရွေးချယ်ခံရသူများကို မတ် ၁၉ရက်တွင် ထပ်မံ လူတွေ့ စစ်ဆေး သွားမည် ဖြစ်သည်။

အမှတ်ပေါင်း အနည်းအများ နှင့် စီကာရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း မတ် ၁၆ရက်တွင် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး က ထုတ်ပြန် ကြေညာ ခဲ့ခြင်း ဖြစ်သည်။

ရွေးချယ်ခံရသည့် အကယ်ဒမီ ဗန်းကိုင် ရွှေကြိုများ အနေဖြင့် အကျင့် စာရိတ္တ ကောင်းမွန် ကြောင်း ရပ်ကျေး အုပ်ချုပ်ရေးမှူး ထောက်ခံစာ ယူဆောင် လာရမည် ဖြစ်ပြီး ပဏာမ ရွေးချယ် ထားသည့် အမျိုးသား ၅၀ ၊ အမျိုးသမီး ၅၀ ထဲမှ ၂၅ဦး စီ ထပ်မံ ရွေးချယ် သွားမည် ဖြစ်သည်။

အမျိုးသား ၂၅ဦး ၊ အမျိုးသမီး ၂၅ ဦး ထဲမှ မတ် ၂၀ရက်တွင် နောက်ဆုံး အဆင့် ဆန်ကာတင်အဖြစ် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၁၀ ဦး ရွေးချယ်မည် ဖြစ်သည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဦးစီးကျင်းပမည့် ၂၀၁၄-၂၀၁၅ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အတွက် ဆုဗန်းကိုင် ရွေးချယ်ရေး ကော်မတီကို ဖေဖော်ဝါရီ ၉ရက်တွင် ကျင်းပ ပြုလုပ် ခဲ့သည့် အမှုဆောင် အစည်းအဝေးတွင် ရွေးချယ် ခဲ့ပြီး ဖြစ်သည်။

ထို ဆုဗန်းကိုင် ရွေးချယ်ရေး ကေ်ာမတီတွင် ဥက္ကှအဖြစ် ရုပ်ရှင်နှင့် သရုပ်ဆောင် အကယ်ဒမီ ရန်အောင် မှ ဆောင်ရွက်မည် ဖြစ်ပြီး အဖွဲ့ဝင်များ အဖြစ် မို့မို့မြင့်အောင် ၊ ရဲအောင် ၊ မေသန်းနု ၊ ခင်သန်းနွယ် ၊ ဒါရိုက်တာ အိအိခိုင် ၊ တက္ကသိုလ် ယဉ်ယဉ်လဲ့ နှင့် စာနယ်ဇင်းမှ ဦးဝင်းငြိမ်း ၊ ဦးမြတ်ခိုင် ၊ ကိုမျိုး(မြန်မာစာ) ၊ ဓာတ်ပုံ မိုးမင်း (Ray) တို့မှ ပါဝင် ဆောင်ရွက် ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required