ဂစ်တာနိုင်ဇော် အမေရိကန်တွင် ဖျော်ဖြေပြုလုပ်ရန်စီစဉ်

ဂစ်တာနိုင်ဇော် အမေရိကန်တွင် ဖျော်ဖြေပြုလုပ်ရန်စီစဉ်

ဂစ်တာနိုင်ဇော်ဟာ သူ့ရဲ့ Lazy Club  အဖွဲ့နဲ့အတူ ၂၀၁၆ ခုနှစ်မှာ အမေရိကန်နိုင်ငံကို ဖျော်ဖြေရေး ခရီးစဉ် သွားရောက်တော့မယ်လို့ သိရပါတယ်။ အစ်ကိုက ၂၀၀၀ ခုနှစ်ကစပြီးတော့ နိုင်ငံခြားကို စထွက်တာပါ။ ၂၀၀၀ ခုနှစ်ဆိုတော့ အခု ၂၀၁၆ ဆိုတော့ ၁၆ နှစ်ရှိပြီပေါ့။ နိုင်ငံခြားခရီစဉ်တွေဟာ ၁၆ နှစ်ရှိပြီပေါ့။ စင်ကာပူကို ပထမဆုံးသွားတီးတယ်။ ပြီးတော့ မလေးရှားသွားတီးတယ်။ ပြီးတော့မှ နောက်ဘန်ကောက်သွားတီးတယ်။ ပြီးတော့ သြစတေးလျသွားတီးတယ်။ အင်္ဂလန်ကတော့ နှစ်ခေါက်ရှိပြီ။ ပြီးတော့ ဂျပန်တီးတယ်။ ကိုရီယားမှာ အခုနှစ်ခေါက် သုံးခေါက်ရှိပြီ။ အမေရိကားမှာ ၂၀၀၉ ခုနှစ်က တစ်ခါသွားတီးတယ်။ သုံးနှစ် အမေရိကားကို ဆက်တိုက်တီးဖူးပါတယ်။ ပြီးတော့ ၂၀၁၅ မှာ အခုသွားလည်တယ်ပေါ့။ လည်တော့လည်း ထုံးစံတိုင်းပါပဲ။ ဟိုမှာရှိတဲ့ ပညာရှင်တွေနဲ့ ပေါင်းပြီး တီးဖြစ်တာပါပဲ။ အဲတော့ အစ်ကိုအခု ၂၀၁၆ ဒီနှစ်မှာတော့ အမေရိကားကို သွားဖို့ အစီစဉ်ရှိတယ်။ ရှိတယ်ဆိုတာက Lazy Club  ၂၀၁၆ ဆိုပြီး တိုးလုပ်ဖို့ အမေရိကားက network of myanmar association က ဖိတ်ထားတယ်။ အစ်ကိုတို့ ဒီနှစ်မေမှာ အဆိုတော် ကိုတူးတူးနဲ့ ကိုဂျေမောင်မောင် ကိုဟဲလေး ပြီးတော့ အိုင်းရစ်ဇင်မာမြင့်နဲ့ ချမ်းချမ်း တို့နဲ့ပေါ့နော်။

အခုလာမယ့် အမေရိကန် ခရီးစဉ်မှာ အမေရိကန်နိုင်ငံမှ ပရိတ်သတ်များအတွက် ထူးထူးခြားခြား တင်ဆက်မှုတွေကိုလည်း ပြင်ဆင်ထားတဲ့ အကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း ဆက်လက်ပြောပြခဲ့ပါတယ်။

ဒီနှစ်လည်း အစ်ကိုတို့လာရင် ပုံမှန်တိုင်းမဟုတ်ဘဲနဲ့ ထူးခြားတဲ့ တင်ဆက်မှုပေါ့နော်။ ပြီးတော့ ဒီနှစ်က အစ်ကိုက နောက်တစ်ချက်ပြောချင်တာက အစ်ကို လက်စွမ်းပြ အစီစဉ်လေးတွေလည်း အစ်ကို ဆန်းဆန်းပြားပြားလေးတွေ ဒီအမေရိကားမှာရှိတဲ့ မြန်မာတွေကော နိုင်ငံခြားသားတွေကော မြန်မာပြည်မှာ ဂစ်တာကို ဘယ်လိုတီထွင် တီးခတ်နေလဲဆိုတာ လေးတွေ သိအောင် အခုထပ်ပြီးတော့ ပေါင်းပြီးတော့ တီးခတ်ပြပါ့မယ်။ ပြီးတော့လည်း တစ်ခါတစ်ခါကျတော့လည်း အစ်ကို စဉ်းစားသလိုပေါ့။ အဆိုတော်တွေ အားလုံးနဲ့ ပေါင်းပြီးတော့ သူ့သီချင်း ကိုယ့်သီချင်း မခွဲပဲနဲ့ တစ်ယောက်နဲ့တစ်ယောက် သီချင်းလဲဆိုတဲ့ အစီစဉ်လေးတွေလည်း အစ်ကိုတို့ လုပ်ထားမှာပေါ့နော်။ Lazy Club  ရဲ့ တီးခတ်မှုမှာ တီးတာကြီးပဲ မဟုတ်ပဲနဲ့ arrangement ပိုင်းမှာ ကောင်းတဲ့ အိုက်ဒီယာတွေနဲ့ မပျင်းရအောင် ကြည့်တဲ့ ပရိသတ်တွေ ပြန်တဲ့ အထိ ကျေကျေနပ်နပ်နဲ့ လမ်းခွဲနိုင်အောင် မြန်မာပြည်ကို သတိရသွားမယ့် အစီစဉ်တွေကို အစ်ကို Main arrangement  တစ်ယောက်အနေနဲ့ စဉ်းစားပြီးတော့ သီချင်းတွေပါ ထည့်သွားမှာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required