နောက်ခံလူ ကွန်ပနီ တစ်လခန့်အနားယူရမည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီ အတည်ပြု

နောက်ခံလူ ကွန်ပနီ တစ်လခန့်အနားယူရမည်ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီ အတည်ပြု

မတ် ၁၆၊ မန်ချက်စတာ ။          ။ မန်စီးတီးအသင်းခေါင်းဆောင် နောက်ခံလူကွန်ပနီသည် ဒိုင်နမိုကိဗ်နှင့် ကစားခဲ့သော ချန်ပီယံလိဂ်ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်တွင် ခြေထောက်ဒဏ်ရာ ရရှိသွားသည့်အတွက် တစ်လခန့်အနားယူရမည်ဖြစ်ကြောင်း နည်းပြ ပယ်လီဂရီနီက အတည်ပြုလိုက်သည်။

ကွန်ပနီသည် ခြေထောက်ဒဏ်ရာမှ ပြန်လည်သက်သာလာသည်မှာ မကြာသေးပဲ မန်စီးတီးအသင်းတွင် ခြောက်ပွဲ ပါဝင်ကစားထားကာ ယခု ဒဏ်ရာ ပြန်ရသွားခြင်း ဖြစ်သည်။

'ကွန်ပနီ ခြေသလုံးဒဏ်ရာ ပြန်ရသွားတာ ကံဆိုးပါတယ်။ ဒါက သူ့အတွက် တကယ်ကို ခက်ခဲမှာပါ။ သူ ဒဏ်ရာက ပြန်သက်သာလာပြီး ခြောက်ပွဲဆက်တိုက်ပြန်ကစားနေတာ တကယ်ကို   ကောင်းပါတယ်။ ဒါပေမဲ့ အခု သူဆက်မကစားနိုင်တော့တာက တကယ်ကို ကံဆိုးတာပါပဲ။ သူ့ဒဏ်ရာ ဘယ်လောက်ဆိုးမလဲဆိုတာ ကြည့်ရပါဦးမယ်' ဟု မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောသည်။

ထိုဒဏ်ရာကြောင့် ကွန်ပနီသည် ယခုတစ်ပတ်တွင် ကစားရမည့် မန်ချက်စတာဒါဘီပွဲစဉ်ကို လွဲချော်မည်ဖြစ်ပြီး ဘုန်းမောက်၊ ဝက်စ်ဘရွန်းတို့နှင့် ပွဲစဉ်များကိုလည်း လွဲမည် ဖြစ်သည်။ ၎င်းအနေဖြင့် ဧပြီလ ၁၆ ရက်နေ့တွင် ကစားရမည့် ချယ်လ်ဆီးနှင့်ပွဲတွင် ပြန်ပါနိုင်ဖွယ်ရှိပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်ကိုလည်း ကစားနိုင်ဖွယ်ရှိသည်။

မန်စီးတီးအသင်းသည် ဒိုင်နမိုကိဗ်နှင့် သရေကျခဲ့သည့်ပွဲတွင် အဓိကနောက်ခံလူတစ်ဦးဖြစ်သည့် အော်တာမန်ဒီမှာလည်း ဒဏ်ရာရခဲ့သည့်အတွက် နောက်တန်းပြဿနာနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ သို့သော် အော်တာမန်ဒီမှာ ရက်ပိုင်းအတွင်း ပြန်လည်ကောင်းမွန်လာဖွယ်ရှိကြောင်း သတင်းများက ဖော်ပြထားသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly