မြန်မာနိုင်ငံ ဒီမိုကရေစီခရီးအတွက် ပြင်သစ် ကူညီရန် အသင့်ရှိနေ

မြန်မာနိုင်ငံ ဒီမိုကရေစီခရီးအတွက် ပြင်သစ် ကူညီရန် အသင့်ရှိနေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်သည့် ဦးထင်ကျော် သမ္မတ ဖြစ်လာခြင်းကို ပြင်သစ်အစိုးရက ဂုဏ်ယူကြောင်း နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခရီးအတွက် ကူညီရန် အသင့်ရှိကြောင်း ပြင်သစ် နိုင်ငံခြားရေး နှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနက မတ် ၁၅ရက်က ထုတ်ပြန်လိုက်သည်။ 

"ဒီမိုကရေစီခရီးလမ်း ၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် အမျိုးသားပြန်လည်သင်ြ့မတ်ရေးတို့ အတွက် မြန်မာ
နိုင်ငံအားထောက်ခံ ကူညီရန် ပြင်သစ်နိုင်ငံအနေဖြင့် အသင့်ရှိနေပါသည်" ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် အထွေထွေရွေး
ကောက်ပွဲကြီးတွင် အောင်မြင်မှု ရခဲ့ပြီး ဦးထင်ကျော်ကိုလည်း သမ္မတ တင်မြှောက်နိုင်ခြင်းက နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို မှတ်တိုင်ထူလိုက်နိုင်ခြင်းဖြစ်ကြောင်း နှင့် ကာလကြာရှည်စွာ မျှော်လင့် စောင့်စားနေသည့် မြန်မာပြည်သူများအတွက် ပြယုဂ်တစ်ခုပင် ဖြစ်ကြောင် ပြင်သစ်က ဆိုသည်။ 

သမ္မတသစ် ဦးထင်ကျော်ကလည်း ၎င်း သမ္မတ ဖြစ်လာခြင်းက မြန်မာပြည်သူများ နှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် အောင်ပွဲဖြစ်ကြောင်း သမ္မတရွေးပွဲအပြီး မီဒီယာများကို ပြောကြားခဲ့သည်။ 

ဆရာကြီး မင်းသုဝဏ်၏သားဖြစ်သူဦးထင်ကျော်သည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ဦးဆောင်နေသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်စိတ်ချရဆုံးသော သူတစ်ဦးထဲတွင် ပါဝင်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တစ်နှစ်ငယ်ကာ ဒဂုံ(၁)ကျောင်း၌ ပညာအတူ ဆည်းပူးခဲ့သူလည်း ဖြစ်သည်။ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်စုစုလွင်မှာ NLD၏ နာမည်ကြီးခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးလွင်၏ သမီးဖြစ်ပြီး ပြည်သူ့လွှတ်တော်နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခြင်းခံထားရသူလည်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required