နျူကလီးယားဒုံးကျည် ထိပ်ဖူးတစ်ခုစမ်းသပ်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန် အမိန့်ပေး ပြန်

နျူကလီးယားဒုံးကျည် ထိပ်ဖူးတစ်ခုစမ်းသပ်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန် အမိန့်ပေး ပြန်

ပြုံယမ်း၊ မတ်၊ ၁၅ ။           ။ မကြာမီကာလအတွင်း နျူကလီးယား ဒုံးကျည်ထိပ်ဖူးတစ်ခု စမ်းသပ်ရန် မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်းက အမိန့်ပေးလိုက်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA က ကြေညာသွားသည်။

အပူဒဏ်ခံပစ္စည်းများနှင့် နည်းပညာရပ်များအပေါ် နှစ်အတန်ကြာအောင် ကြိုးကြိုးစားစား သုတေသနပြုဖော်ထုတ်ခဲ့ခြင်း၏ ရလဒ်အဖြစ်နှင့် ယခုကဲ့သို့ နျူကလီးယားဒုံးကျည် ထိပ်ဖူးကိုစမ်းသပ်နိုင်မည့် အခြေအနေ သို့ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း KCNA သတင်းဌာနက ကြေညာသွားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ပိုင်ဆိုင်ရေးအိပ်မက်များကို မစွန့်လွှတ်သည့်အတွက် ခံစားနေရသည့်အကျိုးဆက်များကို လက်သင့်ခံသင့်နေပြီဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတ ပက်ခ်ဂွမ်ဟေး က သတိပေးထားပြီး ဖြစ်သည်။

'' မြောက်ကိုရီးယားအနေနဲ့ အခုအတိုင်းဆက်လုပ်နေမယ်ဆိုရင် ကိုယ်ပျက်စီးမယ့်လမ်းကို ကိုယ်တိုင်လျှောက်သလို ဖြစ်နေပါလိမ့်မယ် '' ဟု သမ္မတပက်ခ်ဂွမ်ဟေးက အစိုးရအဖွဲ့အစည်းအဝေး တစ်ခုတွင် ပြောကြားခဲ့သည်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရပုဂ ္ဂိုလ် တစ်ဦးကမူ နျူကလီးယားဒုံးကျည်ထိပ်ဖူး စမ်းသပ်ရန် ကင်မ်ဂျုံအန်း၏ ညွှန်ကြားချက်မှာ ယုံကြည်စိတ်ချရမှုရှိ၊ မရှိဆိုသည်ကို မေးခွန်း ထုတ်လိုက်သည်။

ယခုကြေညာချက်မှာ မြောက်ကိုရီးယားကထုတ်ပြန်သည့်ကြေညာချက်တစ်ခုသာဖြစ်ပြီး လေ့လာဆန်းစစ်သူများနှင့် အခြားသတင်းရင်းမြစ်များမှ ရရှိသည့်အချက်အလက်များအရ မြောက်ကိုရီးယား အနေဖြင့် နျူကလီးယားဒုံးကျည်ထိပ်ဖူး စမ်းသပ်နိုင်လောက်သည့် နည်းပညာမျိုး မပိုင်ဆိုင်သေးကြောင်း အဆိုပါ ပုဂ ္ဂိုလ်က ပြောကြားသည်။

မြောက်ကိုရီးယားသည် ကုလသမဂ ္ဂက ၎င်းအပေါ်ပိတ်ဆို့မှုများတိုးမြှင့်ချမှတ်ခဲ့ပြီးနောက် ပြီးခဲ့သောကြာသာပတေးနေ့က တာတိုပစ်ဒုံးကျည်နှစ်စင်းကို ပင်လယ်အတွင်းသို့ စမ်းသပ်ပစ်လွှတ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required