အဲဗာတန်အသင်း အက်ဖ်အေဆီမီးတွင် မန်ယူသို့မဟုတ်ဝက်စ်ဟမ်းနှင့်တွေ့မည်

အဲဗာတန်အသင်း အက်ဖ်အေဆီမီးတွင် မန်ယူသို့မဟုတ်ဝက်စ်ဟမ်းနှင့်တွေ့မည်

မတ် ၁၅၊ လန်ဒန်။           ။ အက်ဖ်အေဖလားဆီမီးတွင် ခရစ္စတယ်ပဲလေ့စ်သည် ဝက်ဖို့ဒ်နှင့်ရင်ဆိုင်ရမည်ဖြစ်ပြီး အဲဗာတန်အသင်းမှာ မန်ယူသို့မဟုတ် ဝက်စ်ဟမ်းအသင်း တို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ဆီမီးပွဲများကို ဝင်ဘာလေကွင်းတွင် ဧပြီ ၂၃၊ ၂၄ ၌ ကစားမည်ဖြစ်သည်။ မန်ယူအသင်းသည် အိုးထရက်ဒ်ဖို့တွင် ဝက်စ်ဟမ်းနှင့် တစ်ဂိုးစီ သရေကျခဲ့သောကြောင့် ကွာတားအဆုံးအဖြတ်ပွဲကို အပ်တန်ကွင်းသို့ပြန်လည်သွားရောက် ကစားပေးရမည်ဖြစ်သည်။

ပြန်ကန်ပွဲကစားမည့်နေ့ကို ကြသပတေးနေ့တွင် လီဗာပူးလ်နှင့်ကစားရမည့် မန်ယူအသင်း၏ ယူရိုပါလိဂ်ဒုတိယအကျော့ပွဲအပြီးတွင် ထုတ်ပြန် ကြေညာမည်ဖြစ်သည်။

အဲဗာတန်အသင်းသည် အက်ဖ်အေဖလားကွာတားတွင် ချယ်လ်ဆီးကို ၂-၀ ဖြင့်အနိုင်ရပြီး ၂၀၁၂ နောက်ပိုင်း ဆီမီးအဆင့်သို့ ပြန်လည် တက်ရောက်နိုင်ခဲ့သည်။

နောက်ထပ်ဆီမီးပွဲစဉ်တစ်ပွဲမှာမူ ၂၀၁၃ ချန်ပီယံရှစ်ပလေးအော့ဖ်ဗိုလ်လုပွဲတစ်ပတ်ပြန်လည်လာခဲ့ခြင်းဖြစ်ပြီး ယင်းပွဲတွင် ပဲလေ့စ်က ကီဗင်ဖီးလစ်၏ ပင်နယ်တီဖြင့်အနိုင်ရခဲ့သည်။

လက်ရှိချန်ပီယံအာဆင်နယ်ကိုကျော်ဖြတ်လာသည့် ဝက်ဖို့ဒ်အသင်းမှာ ၁၉၈၄ နောက်ပိုင်း ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ်ပြန်တက်နိုင်ရန် ကြိးစားမည်ဖြစ်သကဲ့သလို ပဲလေ့စ်အသင်းသည်လည်း ၂၁ နှစ်အတွင်း ဆီမီးသို့ပထမဆုံးပြန်ရောက်ခြင်းဖြစ်၍ ကြိုးစားလာမည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly