ကြေးစား ဂေါက်ရိုက်အားကစားသမားနဲ့ လက်ထပ်တော့မည့် မင်းသမီး ပက်ခ်ဂျောင်အာ

ကြေးစား ဂေါက်ရိုက်အားကစားသမားနဲ့ လက်ထပ်တော့မည့် မင်းသမီး ပက်ခ်ဂျောင်အာ

တောင်ကိုရီးယားအဆိုတော် သရုပ်ဆောင်မင်းသမီး ပက်ခ်ဂျောင်အာသည် ကြေးစား ဂေါက်ရိုက်အားကစားသမား ဆောင်ဝူနှင့် မေလ ၁၅ ရက်တွင် လက်ထပ်ပွဲ ကျင်းပမည်ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ်ရှိ ပက်ခ်သည် ၎င်းထက် နှစ်နှစ်ငယ်သော ချစ်သူ ကြေးစား ဂေါက်ရိုက်ကစားသမားနှင့် လက်ထပ်တော့မည်ဖြစ်ကြောင်း  Jellyfish Entertainment အေဂျင် စီမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

ပက်ခ်နှင့် ဆောင်တို့နှစ်ဦးသည် ပြီးခဲ့သည့်နှစ်က သိကျွမ်းခဲ့ရာမှ ချစ်သူများ ဖြစ်ခဲ့ကြခြင်းဖြစ် ကာ ပြီးခဲသည့်နှစ် မတ်လက ၎င်းတို့နှစ်ဦး တွဲနေကြောင်း လူသိရှင်ကြား ထုတ်ပြန် ကြေညာခဲ့သည်။ ရင်းနှီးသော မိတ်ဆွေများနှင့် မိသားစုဝင်များကိုသာ ဖိတ်ကြားကာ မင်္ဂလာပွဲကို ကျင်းပသွားမည် ဖြစ်သည်။

ပက်ခ်သည် ၂၀၀၁ ခုနှစ်က အမျိုးသမီးအဆိုတော်အဖွဲ့ Jewelry အဖွဲ့ဝင်တစ်ဦးအဖြစ် အနုပညာလောကအတွင်းသို့ စတင်ဝင်ရောက်ခဲ့သည်။၂၀၀၉ခုနှစ်က ပက်ခ်သည် သရုပ်ဆောင် အလုပ်ကို လုပ်ဆောင်ရန် Jewelry အဖွဲ့အတွင်းမှ ထွက်ခွာခဲ့သည်။

ယင်းနောက်ပိုင်းတွင် ပက်ခ်သည် “ Prosecutor Princess” ၊ “ My Daughter Seo-young” ဇာတ်ကားတို့တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး မကြာသေးမီက  “ Glamorous Temptation” ဇာတ်ကား တွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly