အသံသွင်း စတူဒီယိုအခန်းရှိ စပီကာများ ဖျက်စီးမှုအတွက် လျော်ကြေးငွေ ပေးဆောင်ရန် အမိန့်ထုတ်ပြန်ခြင်း ခံထားရတဲ့ ဂျက်စတင်ဘီဘာ

အသံသွင်း စတူဒီယိုအခန်းရှိ စပီကာများ ဖျက်စီးမှုအတွက် လျော်ကြေးငွေ ပေးဆောင်ရန် အမိန့်ထုတ်ပြန်ခြင်း ခံထားရတဲ့ ဂျက်စတင်ဘီဘာ

ပေါ့ကြယ်ပွင့် ဂျက်စတင်ဘီဘာသည် ပြီးခဲ့သည့်လက  စတာလင်ပေါင်ထောင်ပေါင်းများစွာ တန်ကြေးရှိသော အသံသွင်းသောတူရိယာပစ္စည်းများကို ဖျက်ဆီးမှုအတွက် တရားစွဲဆိုခြင်း ခံထားရသည်။

အသက် ၂၂ နှစ်အရွယ်ရှိ ဂျက်စတင်သည် လန်ဒန်တွင်ပြုလုပ်မည့်  BRIT Awards ဆုပေး ပွဲမတိုင်မီ ၎င်း၏အပေါင်အသင်းဖြင့် အသံသွင်းစတူဒီယိုကို ငှားရမ်းခဲ့သော်လည်း ဈေးကြီးသော စပီကာများကို ဖျက်ဆီးခဲ့ပြီးနောက် အဆောက်အအုံအတွင်းမှ ထွက်ခွာသွားခဲ့သည်။

ယင်းဖြစ်ရပ်သည်  BRIT Awards ဆုပေးပွဲမတိုင်မီ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပျက်စီးမှု များသည် ကြီးကြီးမားမား မဟုတ်သော်လည်း  ဘီဘာအား လျှော်ကြေးငွေပေးရန် တောင်ခံထား ကြောင်း  The Mirror သတင်းစာတွင် ဖော်ပြထားသည်။

“ ဘီဘာဟာ စတူဒီယိုအခန်းထဲမှာ အကအဖွဲ့တွေနဲ့အတူ ရှိနေခဲ့တယ်။ ဒါပေမဲ့ သူထွက်သွား တဲ့အခါ စပီကာစနစ်လေးခုဟာ ပျက်စီးခဲ့ပါတယ်” ဟု သတင်းအရင်းမြစ်တစ်ခုက The Mirror သတင်းစာကို ပြောကြားခဲ့သည်။

ဘီဘာသည် စပိန်ရုပ်မြင်သံကြားဖျော်ဖြေရေးအစီစဉ်  El Hormiguero တွင် ဖျော်ဖြေနေစဉ် ပရိတ်သတ်များက လက်ခုပ်တီးအားပေးမှုမရှိခဲ့ခြင်းကြောင့် ပရိတ်သတ်များကို ကြိမ်းမောင်း ပြောဆိုခဲ့ ဖူးသည်။ ဘီဘာသည် နော်ဝေတွင် ပြုလုပ်ခဲ့သော ဖျော်ဖြေပွဲ၌လည်း ပရိတ်သတ်တစ်ဦးကြောင့် ဒေါသထွက်ကာ ဝုန်းဒိုင်းကြဲခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly