တရုတ်က ကိုယ်ပိုင်အပြည်ပြည်ဆိုင်ရာရေပြင်တရားစီရင်ရေးဌာန ဖွဲ့စည်း

တရုတ်က ကိုယ်ပိုင်အပြည်ပြည်ဆိုင်ရာရေပြင်တရားစီရင်ရေးဌာန ဖွဲ့စည်း

ပေကျင်း၊ မတ် ၁၄ ။               ။ ရေပိုင်နက်အငြင်းပွားမှုများအား ကိုင်တွယ်ဖြေရှင်းရေးအတွက် တရားနိုင်ငံတော်တရားရုံးချုပ်က ကိုယ်ပိုင်အပြည်ပြည်ဆိုင်ရာရေပြင်တရားစီရင်ရေးဌာနကို ဖွဲ့စည်းသည်။

ထိုဌာနဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး တရားရုံးချုပ်က အခက်အလက်အနည်းအကျဉ်းသာ ထုတ်ပြန်သော်လည်း ယင်းဌာနက တရုတ်နိုင်ငံအား ရေပိုင်နက်အာဏာစိုးနိုင်ရေးရေးအတွက် အထောက်အပံ့ဖြစ်စေ မည်ဖြစ်ကြောင်း ကြေညာသည်။

မကြာသေးမီလများအတွင်း တင်းမာမှုများ မြင့်တက်စေခဲ့သည့် တရုတ်နိုင်ငံက ပိုင်နက်သတ်မှတ်ကာ ကျုးနင်းထားသည့် သဘာဝရင်းမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်ကာ တရုတ်နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် အငြင်းပွားမှုများ ပတ်လည်ဝိုင်းလျက်ရှိနေသည်။

ဂျပန်နိုင်ငံနှင့်လည်း ဒိုင်အိုယု သို့မဟုတ် ရှင်ကာကူကျွန်းစုများအရေးနှင့် ပတ်သက်ကာ ထိပ်တိုက်တွေ့ အငြင်းပွားနေသည်။

ယခုအပြည်ပြည်ဆိုင်ရာရေပြင်တရားစီရင်ရေးဌာန ဖွဲ့စည်းခြင်းအား တရားသူကြီးချုပ် ကျို့ကျိအန်းက မတ် ၁၃ ရက်တွင် နှစ်ပတ်လည် ပါတီညီလာခံကျင်းပစဉ်အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့အနေဖြင့် တရုတ်နိုင်ငံ၏ အမျိုးသားအချုပ်အခြာ ပိုင်ဆိုင်မှု၊ ရေကြောင်းအခွင့်အာဏာနှင့် အခြားအခရာကျသည့် အကျိုးစီးပွားများအတွက် အလုံးစုံလုံခြုံမှု ရှိနေရမှာဖြစ်ပါတယ်။"ဟု ကျို့က ပြောပြီး စင်တာနှင့် ပတ်သက်ပြီး မည်သို့ လုပ်ငန်းဆောင်တာများ ဆောင်ရွက်မည်ဆိုသည်ကို အသေးစိတ် ပြောကြားခြင်းမရှိပေ။

သို့သော် ယခုကဲ့သို့ စင်တာမျိုး တရုတ်နိုင်ငံက ဖွဲ့စည်းလာခြင်းသည် ပိုင်နက်အငြင်းပွားနေရသည့် အိမ်နီးချင်းနိုင်ငံများအတွက် သတိထားလာရမည့် အရေးကိစ္စဖြစ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required