ဘာမြူဒါတြိဂံ ပဟေဠိ ၊ အဖြေတွေ့ပြီလား

ဘာမြူဒါတြိဂံ ပဟေဠိ ၊ အဖြေတွေ့ပြီလား

အော်စလို၊ မတ်၊ ၁၄ ။         ။ မြောက်အတ္တလန္တစ်သမုဒ္ဒရာ အနောက်ပိုင်းက ဘာမြူဒါတြိဂံလို့ တင်စားခေါ်ဝေါ်ကြတဲ့ရေပြင်မှာ သင်္ဘောတွေနဲ့ လေယာဉ်တွေထူးဆန်းစွာပျောက်ဆုံးခဲ့ရတဲ့ ပဟေဠိရဲ့အဖြေဖြစ်နိုင်စရာ အကြောင်းရင်းတစ်ရပ်ကို သိပ္ပံပညာတွေက တွေ့ရှိခဲ့ပါတယ်။

သိပ္ပံပညာရှင်များသည် နော်ဝေနိုင်ငံ မြောက်ဘက်ကမ်းလွန်ဒေသ ဘာရန့်ပင်လယ်၏ ပင်လယ်ကြမ်းပြင်တွင် ကြီးမားသည့် ရေအောက်မီးတောင်ဝများကို တွေ့ရှိခဲ့ကြသည်။

မိုင်ဝက်အထိကျယ်ပြီး ပေ ၁၅၀ ထိနက်သော မီးတောင်ပေါက်ဝများကိုတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုမီးတောင်ပေါက်ဝများမှာ ဘာမြူဒါတြိဂံဟု တင်စားခေါ်ဝေါ်သော ရေပြန်တွင် သင်္ဘောများနှင့်   လေယာဉ်များ ထူးဆန်းစွာ ပျောက်ဆုံးခဲ့ရခြင်း၏ အဖြေ ဖြစ်ဖွယ်ရှိနေသည်။

ပင်လယ်မျက်နှာပြင်အောက် အလွန်နက်သောနေရာတွင် သဘာဝဓါတ်ငွေ့များပို့ချမှုမှတဆင့် မီသိန်းဓါတ်ငွေ့များ ထွက်လာပြီး အခေါင်းပေါက်များဖြစ်ပေါ်ကာ နောက်ဆုံးတွင်ပေါက်ကွဲနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားပါတယ်။

ပေါက်ကွဲမှုတွေကြောင့် မီးတောင်ပေါက်ဝတွေပွင့်လာပြီး ဘာရန့်စ်ပင်လယ်မှာ သွားလာနေတဲ့ သင်္ဘောတွေကို အန္တရာယ်ကျရောက်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆနေပါတယ်။

ဒါ့အပြင် ဒီရေအောက်မီးတောင်ပေါက်ကွဲမှုတွေက မြောက်အတ္တလန္တစ်သမုဒ္ဒရာရှိ ဗြိတိသျှရေပိုင်နက်ကနေ ဖလော်ရီဒါကမ်း ခြေနဲ့ ပြူအာတိုရီကိုထိရေပြင်ကို တင်စားခေါ်ဝေါ်တဲ့ ဘာမြူဒါတြိဂံဒေသမှာ သင်္ဘောတွေ၊ လေယာဉ်တွေ ထူးဆန်းစွာ ပျောက်ဆုံးခဲ့မှုတွေရဲ့ အဖြေတောင်ဖြစ်နေနိုင်တယ်လို့လည်း သိပ္ပံပညာရှင်တွေက ခန့်မှန်းသုံးသပ်နေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly